ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး ၀ိုင်-၈ လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းနှင့် ရုပ်အလောင်းတချို့ စတင်တွေ့ရှိ


နေပြည်တော်၊ ဇွန် ၈

ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး ၀ိုင်-၈ လေယာဉ်၏ အစိတ်အပိုင်းတချို့နှင့် ရုပ်အလောင်းတချို့အား ယနေ့ နံနက် ၈ နာရီ ၁၈ တွင် ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောင်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီးက အဆိုပါနေရာတွင် လေယာဉ်ဘီးဟု ယူဆရသည့် တာရာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီးရုပ်အလောင်း တစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်း နှင့် အသက်ကယ်အကျီင်္ ၂ ထည်၊ အ၀တ်အစားထည့်သည့် အိတ်တချို့အား ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.