ကော့ကရိတ်အချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားသူ အား မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတား အောက်မှ ဖမ်းဆီးရမိ


မြ၀တီ ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်အချုပ်ထောင်မှ ထွက်ပြေး လွတ်မြောက် သွားသော တရားခံ(၆)ဦးအနက် နိုမာမက်(ခ)ထွန်းထွန်း၊ ၁၉နှစ်၊(ဘ) ဦးညွှန့်အေး၊ အမှတ်(၅)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူအား ဇွန်လ ၂၃ ရက်နေ့ ၁၆း၄၅ အချိန်၊ ကော့ကရိတ်ခရိုင်မှုခင်းနှိမ်နင်းအဖွဲ့ခေါင်းဆောင် ရဲအုပ် သန်းထိုက်အောင်ဦးစီးအဖွဲ့၊ မြ၀တီခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် မျိုးကျော် ဦးစီး ပူးပေါင်းအဖွဲ့တို့ဖြင့် မြ၀တီမြို့၊ ချစ်ကြည်ရေးတံတားအောက်မှ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် နိုမာမက်(ခ)ထွန်းထွန်း ကျူးလွန်ခဲ့သည့် မှုခင်းဖြစ်စဉ်မှာ ၁-၆-၂၀၁၇ ရက်နေ့ ၂၀း၀၅ အချိန် ကော့ကရိတ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်မင်းဦး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်းဆောင်ရွက်နေစဉ် ကော့ကရိတ်မြို့၊အမှတ်(၅)ရပ်ကွက်အရောက် ဓါးကိုင်ဆောင်၍ သောင်းကျန်းနေသဖြင့် ၀င်ရောက်ဖမ်းဆီးရာမှ နိုမာမက်(ခ)ထွန်းထွန်းအား အရိုးအသွား(၁၂)လက်မခန့်ရှိ ဓါးဦးချွန်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကော့ကရိတ် မြို့မရဲစခန်းတွင် (ပ)၃၀၅/၂၀၁၇၊ လက်နက် ၁၉(င)ဖြင့် အမှုရေးဖွင့်ထားပြီး အမှုဖြင့် စစ်ဆေးနေစဉ်ကာလအတွင်း ကော့ကရိတ်အချုပ်ထောင်တွင် ချုပ်နှောင်ထားစဉ် ဇွန်လ ၃ ရက်နေ့ ၂၀း၄၅ အချိန်က အချုပ်ထောင်အား ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.