ရုရှား အမျိုးသား တစ်ဦး က အရက်မူးနေစဉ် အချင်းများရာမှ သေနတ် ဖြင့် ပစ်ခတ် ခဲ့ရာ လူ ၉ ဦး သေဆုံး

ရုရှား နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် တစ်ဦး ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)     မော်စကို ၊ ဇွန် ၅ ရက် (ဆင်ဟွာ)     ရုရှား နိုင်ငံ အနောက်ပ...



ရုရှား နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် တစ်ဦး ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

    ရုရှား နိုင်ငံ အနောက်ပိုင်း Tver Oblast ပြည်နယ် တွင် အမျိုးသား တစ်ဦး သည် ဇွန်လ ၄ ရက်နေ့၌ အရက်မူးနေစဉ် အတွင်း အခြားသူများ နှင့် အချင်းများ ပြီး အမဲလိုက် သေနတ် ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၉ ဦး သေဆုံး ကာ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ ယင်း အမျိုးသား ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ ပြည်ထဲရေး ဌာန Tver Oblast ပြည်နယ် သတင်း ဝက်လ်ဆိုက် ၏ ထုတ်ပြန်ချက်တွင် ပြစ်မှု ကျူးလွန် ခဲ့သည့် အမျိုးသား သည် အသက် ၄၅ နှစ်အရွယ်ရှိ မော်စကို တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း ၊ Tver Oblast ပြည်နယ် ရှိ အပန်းဖြေ စခန်း တစ်ခု တွင် လာရောက် အပန်းဖြေ နေစဉ် အတွင်း ရင်းနှီးခဲ့သည့် အခြား အပန်းဖြေသူ ၁၀ ဦးနှင့် အတူတကွ အရက်သောက်သုံး နေစဉ် အချင်းများ ခဲ့ခြင်းဖြစ်ကြောင်း ၊ အချင်းများ ပြီးနောက်တွင် ပြစ်မှုကျူးလွန်သူ မှ အခန်းသို့ ပြန်ကာ အမဲလိုက် သေနတ် တစ်လက် ကို သွားရောက် ယူဆောင် ခဲ့ပြီး ၄င်းနှင့် အချင်းများခဲ့သူ ကို ဦးစွာ ပစ်ခတ် ခဲ့ပြီး အခန်းတွင်းရှိ အခြားသူများကို ဆက်လက်၍ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်များအရ အခင်းဖြစ်ပွား စဉ်အတွင်း အမျိုးသမီး တစ်ဦးသည် ပုန်းခိုခဲ့သောကြောင့် ရှောင်လွှဲ နိုင်ခဲ့ကာ ပြစ်မှု ကျူးလွန်သူ ထွက်ခွာ သွားပြီး နောက်တွင် ယင်းအမျိုးသမီး မှ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။ရုရှား နိုင်ငံ ပြည်ထဲရေး ဌာန Tver Oblast ပြည်နယ် သတင်းထုတ်ပြန်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က ပြစ်မှုကျူးလွန်သူ သည် ယခင်က ယာဉ်စည်းကမ်း ဖောက်ဖြတ်မှု တစ်ခု မှ လွဲ၍ မည်သည့် ပြစ်မှု မ မရှိခဲ့ကြောင်း ၊ အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သော အမဲလိုက် သေနတ် မှာလည်း တရားဝင် ဝယ်ယူထားသည့် သေနတ် တစ်လက်ဖြစ်ကာ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်၍ စုံစမ်း စစ်ဆေးမှု များဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

COMMENTS

Name

art,1,article,1278,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6394,interview,206,Live,8,LocalNews,14057,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,126,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: ရုရှား အမျိုးသား တစ်ဦး က အရက်မူးနေစဉ် အချင်းများရာမှ သေနတ် ဖြင့် ပစ်ခတ် ခဲ့ရာ လူ ၉ ဦး သေဆုံး
ရုရှား အမျိုးသား တစ်ဦး က အရက်မူးနေစဉ် အချင်းများရာမှ သေနတ် ဖြင့် ပစ်ခတ် ခဲ့ရာ လူ ၉ ဦး သေဆုံး
https://2.bp.blogspot.com/-DEYvg4ZwSXg/WTUbHl4bV2I/AAAAAAABM50/viAvtj4mWcQnKdJr_IuKH6QK_3yY7WsNQCLcB/s400/2.jpg
https://2.bp.blogspot.com/-DEYvg4ZwSXg/WTUbHl4bV2I/AAAAAAABM50/viAvtj4mWcQnKdJr_IuKH6QK_3yY7WsNQCLcB/s72-c/2.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_919.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_919.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy