" စင်္ကာပူကသံချောင်းခေါက်သံ "


ဆရာ သရ၀ဏ်(ပြည်) ရေးသည်

မြန်မာပြည်ကိုစင်္ကာပူလိုဖြစ်အောင်လုပ်ကြမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ကြိမ်းဝါးပြီးမကြာမီမှာပင် မြန်မာတို့အတွက်အချက်ပေးခေါင်းလောင်းသံတစ်ခုကိုစင်္ကာပူနိုင်ငံ 180 Depot Road ရှိ Interlace Condo မှ မြန်မာတစ်ပြည်လုံးကိုထုတ်လွင့်လိုက်သည် ။ ထိုအချက်ပေးခေါင်းလောင်းကို အသံမြည်အောင် ရေးထိုးခဲ့သူမှာ မဇင်မာဦး (အသက် ၂၅ )နှစ်ဖြစ်ပြီး သူမ၏အသက်ကိုစတေးကာ စင်္ကာပူရောက်မြန်မာနိုင်ငံသား အိမ်အကူအလုပ်သမားတို့၏ဘ၀ကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည် ။

အိမ်အကူအလုပ်ကိုမြန်မာအစိုးရမှ တရားဝင်ခွင့်ပြုမထားသော်လည်း စင်္ကာပူနိုင်ငံတွင် မြန်မာအိမ်အကူ လေးသောင်းခန့် ရောက်ရှိလုပ်ကိုင်နေကြသည်ဟု ခန့်မှန်းပြောဆိုနေကြသည် ။ အိမ်အကူအများစု၏လုပ်ငန်းခွင်အခြေအနေ နှင့် ဒုက္ခများကိုမြန်မာသံရုံးအပါအ၀င် ပြင်ပလူအများစုက သိရှိနိုင်ခြင်းမရှိပေ ။ အရင်ဆုံးရင်ဆိုင်ရမည်မှာ ဘာသာစကားအခက်အခဲဖြစ်မည်ထင်သည် ။ တရုတ်စကား (သို့ မဟုတ် )အင်္ဂလိပ်စကားကို တရုတ်သံဝဲ၀ဲဖြင့်ပြောကြသောစင်္ကာပူနိုင်ငံသားများ၏ ဘာသာစကားကို ရုတ်တရက် လုံးစေ့ပတ်စေ့နားလည်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ရှိသည် ။

ဤအခြေအနေတွင်အိမ်ရှင် များ(အထူးသဖြင့် အိမ်ရှင်မဖြစ်သူ )သည် စာနာနားလည်တတ်ကာ တဖက်သားကို ခွင့်လွှတ်တတ်သူဆိုလျှင် ဘာသာစကားအခက်အခဲမှာ အချိန်အနည်းငယ်အတွင်းပြေလည်သွားနိုင်သည် ။စာနာနားလည်မှုမရှိသော အိမ်ရှင်များလက်ထဲသို့ရောက်သွားတစ်ယောက်အတွက်မူ ဘာသာစကာအခက်အခဲနှင့်အတူပါလာဖွယ်ရှိသော အမှားအယွင်းများ၊ ပြစ်တင်ကြိမ်းမောင်းမှုများ၊စိုးရိမ်ထိတ်လန့် မှုများ ၊စိတ်ဖိစီးမှုများကိုအဆက်မပြတ်တွေ့ ကြုံဖွယ်ရှိသည် ။ လင်မယာနှစ်ယောက်တွင် ယောက်ကျားကသဘောကောင်းကာ မိန်းမဖြစ်သူက သဘောဆိုးခြင်း ၊ မိန်းမကသဘောကောင်းသော်လည်းယောက်ကျားဖြစ်သူကဆိုးသွမ်းခြင်း ၊ မိန်းမရောက်ယောက်ကျားပါဆိုးသွမ်းခြင်း တို့ ကိုကြုံတွေ့ ရနိုင်ပြီးအချို့ အိမ်များတွင် ကလေးများကပါအဆင့်အတန်းခွဲခြင်း၊ဆူပူကြိမ်းမောင်းခြင်း၊အနိုင်ကျင့်ခြင်းများပင်ရှိနိုင်သည် ။ တစ်မိသားစုလုံးသဘောထားပြည့်ဝကြသော အိမ်မျိုးလည်း၇ှိနိုင်ပြီး ထိုအိမ်မျိုးသို့ ရောက်သော အိမ်အကူများမှာစိတ်ချမ်းသာကြရသည် ။

ဒုတိယအခက်အခဲမှာ ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် မယဉ်ပါးမှုဖြစ်သည် ။ တောမှာနေသူကိုပင်မဆိုထားနှင့် ရန်ကုန်မြို့မှာနေထိုင်သူ အများစုပင် ဖုန်စုတ်စက် ၊ပေါင်မုန့်မီးကင်စက် ၊ အ၀တ်လျှော်စက် ၊ မိုက်ခရိုဝေ.ဖ်မီးဖို ၊ ဂက်စ်မီးဖို ၊ ဟီတာခေါ်အပူပေးစက် ၊ မြက်ရိတ်စက် ၊ ဓာတ်လှေကား စတာတွေနှင့် မကျွမ်းကျင် မယဉ်ပါးသူတွေများစွာရှိသည် ။ နိုင်ငံမတူသောကြောင့် ကိုယ့်နိုင်ငံတွင် သုံးဖူးသောပစ္စည်းပင်ဖြစ်စေ သူ့ နိုင်ငံတွင်အသုံးတစ်မျိုးဖြစ်နေသည်လည်းရှိသည် ။ ကျွန်တော်သည်ပင်လျှင် တောင်ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို့ ရောက်ခဲ့စဉ်က အိမ်သာထဲတွင် စာအားလုံးကို ကိုရီးယားဘာသာစကားနှင့်ရေးထားရာ ခုပ်တစ်ခုကိုနှိပ်လိုက်ရာ အိမ်သာကမုတ်အောက်မှရေပန်းသဖွယ်ရေများပန်းထွက်နေတော့သည် ။ ကျွန်တော်မှာ ပိတ်ဖို့ခလုပ်ကိုလည်း စာမဖတ်တတ် ။ မပိတ်ပဲထသွားလျှင်လည်းရေတွေတခန်းလုံးရေပန်းဖြစ်အောင်စိုရွှဲတော့မှာကြောင့်အတော်ကို ချောက်ကျဖူးသည် ။နောက်ဆုံးတွင်ဖြစ်ချင်ရာဖြစ်ဟု ထလိုက်သောအခါ ဖင်အောက်မှရေပန်းမှာ အလိုလျောက်စနစ်ဖြင့်ရပ်သွားပါသည် ။ထိုအခါမှ သက်ပြင်းအကြိမ်ကြိမ်ချကာ အိမ်သာထဲမှပြေးထွက်လာရသည် ။

ဧည့်လမ်းညွှန်ဘ၀ဖြင့် ဟိုတယ်တော်တော်များများသို့ ရောက်ဖူးရာတွင်အချို့ဟိုတယ်တော်တော်များများတွင်ခတ်သောသော့သည် ခတ်ရ ဖွင့်ရအဆင်ပြေသော်လည်း အချို့သော ကြယ်ငါးပွင့်အဆင့်ဟိုတယ်များတွင်သော့ခတ်ရတာ ကရိကထများသောနေရာများကိုလည်းကြုံဖူးသည် ။ အချို့ဟိုတယ်တံခါးများမှာ ကတ်ပြားကိုပြ၍လှည့်ဖွင့်ခြင်း၊ အချို့မှာ သော့တံကိုထည့်ပြီးလှည့်လိုက်ရုံနှင့်ပွင့်ခြင်းရှိသော်လည်း အချို့မှာ ကတ်ပြားကိုလည်းပြ ၊ လက်ကလည်းနှစ်ဆင့်လောက်လှည့်ဆိုတာမျိုးနှင့်ကြုံပါက ကိုယ့်အခန်းတံခါးကိုယ်ဖွင့်ဖို့ပင် ချွေးဒီးဒီးကျရသည် ။ ။

ကျွန်တော့်အမေဆိုလျှင်အိမ်သာထဲမှာ ပိတ်မိနေကာတံခါးမဖွင့်တတ်သဖြင့် အိမ်သာတံခါးကိုဖျက်ထုတ်ရတာ နှစ်ကြိမ်ရှိပြီဖြစ်သည် ။ ငိုအားထက်ရယ်အားသန်အဖြစ် ကျွန်တော်တို့အိမ်သို့ အ၀တ်လာလျှော်သော အမျိုးသမီးကြီးကို ကျွန်တော်၏ဘွဲ့ဝတ်စုံကို အစိုးရဆီပြန်မအပ်မီလျှော်ဖွတ်ခိုင်းလိုက်၏ ။ လျှော်တာကတော့အဆင်ပြေသည် သို့ သော် ဘွဲ့ယူရာတွင်ဆောင်းသောခေါင်းဆောင်း ( Cap) ကို ထိုအမျိုးသမီးကြီးက ရေစိမ်ပြီးလက်နှင်ဖက်ဖြင့်အားရပါးရလိမ်ညှစ်လိုက်ရာ ဘယ်လိုမှပြန်မကောင်းလာတော့ပဲ ပျက်စီးသွားပါသည် ။ ကျွန်တော်ငယ်စဉ်ကဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ဘကြီးဘုန်းကြီးက ဥပုသ်သည်များစားရန်ပဲကြမ်းကြော်သုပ်ခိုင်းရာ ဆီနှင့်ပျားရည်မှားထည့်မိပါသည် ။ ဘကြီးဘုန်းကြီးက စားကြလေဟုပြောလိုက် ဥပုသ်သည်များကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ဖြစ်နေပုံကိုယနေ့တိုင်မြင်ယောင်မိပါသေးသည် ။

ထိုအဖြစ်မျိုးမှာနမူနာအဖြစ်ပြောခြင်းဖြစ်ပြီး အမှားဆိုသည်မှာ လူတိုင်းကြုံဖူးကြစမြဲဖြစ်သည် မိမိဘာသာ အပြင်မှာကြုံရတာက ပြသနာမဟုတ် ။ အိမ်ဖော်အဖြစ်လခယူပြီးသူများအိမ်မှာ အလုပ်သမားသွားလုပ်စဉ်ရေခြားမြေခြားမှာကြုံရတာကပြသနာဖြစ်သည် ။ပြန်၍မပြောတတ် ၊ရှင်းမပြတတ် ၊ရင်ဖွင့်စရာ လူမရှိသောအဖြစ်မှာဆိုးရွားလွန်းပါသည် ။ စင်္ကာပူရှိအိမ်ဖော်အများစုသည် ညသန်းခေါင်ကျော်မှအိပ်ယာဝင်ကြရသည်ဟုဆိုပါသည် ။အချို့ မှာ နေ့လည်စာနှင့်ညစာပေါင်းစားရသည် ။ အားလပ်ရက်လည်း ရပုံမပေါ်ပါ ။အိန္ဒိယနိုင်ငံသားအိမ်ရှင်အချို့ မှာ စီးပိုးလွန်းတာနာမည်ကျော်လေသည် ။အချို့မှာအိမ်ထဲမှအိမ်ပြင်ထွက်ခွင့်မပေးပဲကျွန်လိုပိတ်လှောင်ထားကြတာလည်းရှိသည် ။

အဓိကပြသနာမှာ နိုင်ငံတော်က နိုင်ငံသားများ၏ဂုဏ်သိက္ခာအတွက် အိမ်ဖော်အဖြစ်နိုင်ငံခြားသို့ တရားဝင် စေလွှတ်ခွင့်မပြုခြင်းဖြစ်သည် ။ ရည်ရွယ်ချက်ကောင်းသော်လည်း ရလာဒ်ကမကောင်းပါ ။ ငွေလိုနေသော မြန်မာမိန်းကလေးများနှင့် ပွဲခကောင်းကောင်းရချင်သော အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်များသည် မြန်မာမိန်းကလေးများအား အိမ်ဖော်အုပ်လုပ်ကိုင်ရန် တရားမ၀င် (တိတ်တခိုး)စင်ကာပူနိုင်ငံအတွင်းသို့သွင်းလာကြပြီးတိုးတိုးကြိတ်ကြိတ် အလုပ်ရှင်ထံသို့ ပို့ ကြတော့သည် ။ အဆင်ပြေသူတွေလည်းရှိသလို ဘ၀ပျက်ကြသူတွေ ၊ အလုပ်မှထွက်ပြေးရသူတွေ ၊ စိတ်ဒဏ်ရာ ရုပ်ဒဏ်ရာရကြသူတွေ ဒုနဲ့ဒေးပင် ။

ဤနေရာ၍ အိမ်ဖော်အများဆုံးကမ္ဘာသို့ တင်ပို့ ရာ ဖိလစ်ပိုင်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံကိုအတုယူရမည် ။ သူတို့ ကအိမ်ဖော်များနိုင်ငံခြားသို့ ထွက်အလုပ်လုပ်ခြင်းကိုတရားဝင်ခွင့်ပြုထားသည် ။အိမ်ဖော်များ၏လစာဝင်ငွေထဲမှလည်း နိုင်ငံတော်က အခွန်ကောက်သည် ။ အခွန်ကောက်သည့်နည်းတူ သူတို့အိမ်ဖော်များ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရမရ လိုက်လံစောင့်ရှောက်ကာကွယ်ပေးသည် ။ ထိုက်သင့်သည့်လစာ ၊အလုပ်လုပ်ချိန် ၊ တရားဝင် နားရက်စသည်ဖြင့် တရားဝင်ရပိုင်ခွင့်များကိုတောင်းဆိုပေးသည် ။ မတ၇ားခိုင်းစေမှုများအတွက်တိုင်ကြားရန်လမ်းကြောင်းဖွင့်ပေးထားသည် ။ထိုေ့ကြာင့်ဖိလစ်ပိုင်အိမ်ဖော်များမှာလစာကောင်းကောင်းရကြပြီးမည်သူကမှ အနိုင်မကျင့်ရဲကြပေ ။ နိုင်ငံခြားသို့ အိမ်ဖော်သွားလုပ်ခြင်းမှာရှက်စရာမဟုတ် ။ မိမိနိုင်ငံသားများ ကူရာကယ်ရာမဲ့နေခြင်းသည်သာ ရှက်စရာဖြစ်ပါသည် ။

ယခုမိမိကိုယ်ကို ၁၉ ထပ်မြင့်သောတိုက်ပေါ်မှခုန်ချသတ်သေသွားသောမြန်မာအိမ်အကူမကလေး မဇင်မာဦးသည် လူ့ လောကတွင်မနေချင်လောက်သည်အထိ မည်သည့် ဘေးဒုက္ခများကြုံခဲ့ရလေသနည်း ။ စိတ်ဖိစီးမှုသက်သက်ကြောင့်လား ၊ စော်ကားအနိုင်ကျင့်မှုတစ်ခုခုကိုခံခဲ့ရ၍လား ။ ကိုယ့်မြန်မာတွေအိမ်ဖော်ဖြစ်နေတာရှက်စရာလား ။ အိမ်ဖော်ဖြစ်လောက်အောင်တိုင်းပြည်စီးပွားရေးနှင့် မိသားစုဝင်ငွေများနိမ့် ကျနေတာ လား ဆိုတာ ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ပြီဖြစ်သည် ။အထူးသဖြင့် လေအေးပေးစက်တပ် ၊ခမ်းလုံးပြည့်ကော်ဇောကြီးတွေပေါ်မှာထိုင်နေကြသော လွှတ်တော်အမတ်များ ၊ အစိုးရ၀န်ကြီးများ၊နိုင်ငံခေါင်းဆောင်များသည် မဇင်မာဦး ကအသက်ပေး၍အကြောင်းကြားလိုက်ခေါင်းလောင်းသံအကြောင်း ကိုစတင်ဆွေးနွေးဖို့ အချိန်တန်ပြီဖြစ်သည် ။

အိမ်ဖော်တွေကိုတရားဝင်လွှတ်ပြီးအစိုးရကအကာအကွယ်အပြည့်ပေးမလား ၊ ပြည်တွင်းမှာလုပ်ကိုင်စားရတာအဆင်ပြေအောင် တစ်နေ့ လုပ်ခလစာဝင်ငွေများကိုခေတ်နှင့်လျှော်ညီအောင်ပြင်မလား ၊အမျိုသမီးငယ်များအတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လုံလောက်အောင်ဖော်ဆောင်ကြမလား ၊ဘယ်လိုဖော်ဆောင်မလဲ ၊ဘယ်လောက်နေ့စားခတွေတိုးပေးမလဲ ။ ဒါမှမဟုတ် သေတာချင်းအတူတူ လေယာဉ်ပျက်ကျ၍သေသူတွေအတွက်လည်းဝမ်းနည်းကြောင်းကြေငြာကြပါ ။ မိမိကိုယ်ကိုသတ်သေသောအိမ်ဖော်မလေးတွေ့အတွက်လည်း ၀မ်းနည်းကြစေလိုပါသည်။ဒါမှမဟုတ်ယခင်အစိုးရအဆက်ဆက်လို မသိချင်ယောင်မကြားချင်ယောင်ဆက်ပြီးဆောင်ကြမလား ။ ခေါင်းလောင်းကတော့ထိုးနေလေပြီ ။ ကြးမကြားမှာ သင်တို့ နားထောင်မထောင်ဆိုသောအချက်နှင့်သာဆိုင်ပါကြောင်း ။

သရ၀ဏ်(ပြည်)

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7549,interview,221,knowledge,8,Live,8,LocalNews,16074,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: " စင်္ကာပူကသံချောင်းခေါက်သံ "
" စင်္ကာပူကသံချောင်းခေါက်သံ "
https://4.bp.blogspot.com/-D7Zuix-vmBQ/WUS6dQSvXtI/AAAAAAAAcjU/HjEYZ8DFBYAUvCMMo1GinFTR6jnUsax2wCLcBGAs/s320/q1.jpg
https://4.bp.blogspot.com/-D7Zuix-vmBQ/WUS6dQSvXtI/AAAAAAAAcjU/HjEYZ8DFBYAUvCMMo1GinFTR6jnUsax2wCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_932.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_932.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy