အရင်အစိုးရလက်ထက် ဒေသဖွံ့ ဖြိုးရေး အသုံးစရိတ်တွေကို စိစစ် မည်



ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt\RFA
ယခင်အစိုးရလက်ထက်က တိုင်းနဲ့ ပြည်နယ်အလိုက်သုံးစွဲခဲ့တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေး အသုံးစရိတ် တွေကိုပြန် လည်စိစစ်မယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ခေတ္တ နားချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ လုပ်ရိုးလုပ်စဉ်က ရငွေ၊ သုံးငွေပဲစစ် တာဖြစ်ပြီး အခုကိစ္စက သမ္မတရဲ့ အထူးတာဝန်ပေးချက်အရဖြစ်တယ်လို့ ပြောပါ တယ်။

အဲဒီကိစ္စလုပ်ဆောင်ဖို့ ပြည်နယ်နဲ့တိုင်းအသီးသီးက စာရင်းစစ်ရုံးတွေကို ညွှန်ကြားထားပြီးဖြစ် တယ်လို့လည်း ဦးမော်သန်းက ပြောပါတယ်။

စစ်ဆေးမှုတွေကို လာမယ့် စက်တင်ဘာလမှာပြီးဆုံးမယ် ခန့်မှန်းပေးမယ့် လုပ်ငန်းပမာဏကြီးမားတဲ့ အတွက် တိတိကျကျမပြောနိုင်သေးဘူးလို့ဦးမော်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံနဲ့ ဧရာဝတီတိုင်း ၅ ဘီလီယံ ခန့် သုံးစွဲမှုတွေနဲ့ပတ် သက်ပြီးပြန် လည်ရှင်းလင်းရတာတွေ ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.