လားရှိုးမြို့ရှိ ဟိုတ​ယ်တစ်​ခုတွင်​ လက်​နက်​ကိုင်​အဖွဲ့က ဆက်​​ကြေးမ​ပေးလျှင် မိုင်းခွဲမည်​ဟု ခြိမ်းခြောက်


ဇွန် ၁၄ရက်၊ မားနဂါး၊ လားရှိုး။

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၀ရှိ နယ်​​မြေ ၄ရှိ New Palace ဟိုတယ်​အား လက်​နက်​ကိုင်​အဖွဲ့တစ်ဖွဲ့က ဆက်​​ကြေး​တောင်းထားသည်​မှာ ကြာပြီဖြစ်​​သော်​လည်း လာ​ရောက်​​ပေး​ဆောင်​ခြင်းမရှိသည့်​အတွက်​ မိုင်းဗုံးလာခွဲမည်​ဟု ဇွန်​လ ၁၄ ရက်​​ နံနက်​ ၉နာရီခွဲအချိန်​ခန့်​တွင်​ ဟိုတယ်သို့ ဖုန်းဆက်​ကာ ခြိမ်း​ခြောက်​​ပြောဆိုခဲ့ကြောင်း သိရသည်​။

ဖုန်းလက်ခံပြောဆိုသူ ဟိုတယ်ဝန်​ထမ်းတစ်​ဦးက "သူက မ​နေ့ကလည်း ဖုန်းဆက်​တယ်​။ မင်းတို့ သူ​ဌေးနဲ့ ဖုန်း​ပြောချင်​တယ်​ ပိုက်​ဆံ​တောင်းထားတာ အရင်​လကတည်းကတဲ့ ခုထိမ​ပေး​သေးဘူး။ အဲဒါကို ပွင့်​ပွင့်​လင်းလင်းသိချင်​တာတဲ့ ​ပေးမလားမ​ပေးဘူးလား​ပေါ့။ ဒီ​နေ့ ပြန်​ဆက်​​တော့ သူ​ဌေးမရှိဘူးလို့ ​ပြောလိုက်​တယ်​။ သူ​ဌေးနဲ့ အဆက်​အသွယ်​လုပ်​လို့မရဘူး။ ​ပြောလို့မရဘူးလို့ ကျွန်​မ​ပြောလိုက်​တယ်​။ ၃ရက်​အချိန်​ပေးမယ်​တဲ့ မ​ပေးဘူးဆိုရင်​ မိုင်းဗုံးလာခွဲမယ်​လို့ သူက ခြိမ်း​ခြောက်​ထားတယ်​" ဟု ​ပြောသည်​။


ပြီးခဲ့သည့်​လတွင်​လည်း တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) ဖုန်းဆက်​ကာ ဆက်​​ကြေး သိန်း ၂၀​တောင်းထားပြီး ဟိုတယ်မှ ​ပေး​ဆောင်​ခြင်းမရှိသည့်​အတွက်​ ယခုကဲ့သို့ ထပ်​မံ​တောင်းဆိုပြီး ခြိမ်း​ခြောက်​ခဲ့ခြင်းဖြစ်​သည်​ဟု ၎င်းဟိုတယ်ဝန်ထမ်းက ဆက်​​ပြောသည်​။

ထိုသတင်းကြားသိသိချင်း သက်​ဆိုင်​ရာ တာဝန်​ရှိသူများက လာ​ရောက်​စစ်​​ဆေးခဲ့ပြီး တာဝန်​ရှိရဲမှူး တစ်​ဦးက "အစ်​ကိုတို့က သူတို့ သတင်း​ပေးလာလို့ လာတယ်​။ သိတာကလည်း သူတို့​ပြောတဲ့အတိုင်းပဲ။ လုံခြုံ​ရေးအ​ခြေအ​နေ ဘယ်​လိုရှိလဲဆိုတာကို​တော့ ​ပြောခွင့်​မရှိဘူး" ဟု ဆိုသည်​။

ဟိုတယ်သို့ ဖုန်းဆက်ကာ တောင်းခံထားသည့် ငွေမပေးပါက မိုင်းခွဲမည်ဟု ပြောဆိုသည့်အပေါ် TNLA ကို ဆက်​​သွယ်​မေးမြန်းခဲ့​သော်​လည်း ဆက်​သွယ်၍ ​မရခဲ့ပေ။

Photo- The Marnagar
The Marnagar Journal
https://www.facebook.com/themarnagarjournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.