မောင်တောမြို့နယ်၌ ပုဇွန်ကန်စောင့်နေသူ ၁ ဦးအား မျက်နှာဖုံးစွပ်ထားသူ ၂၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်


ဇွန် ၈၊၂၀၁၇

ဇွန်လ ၅ ရက်နေ့ ည ၉နာရီတွင် မောင်တောမြို့နယ် ၂ ရပ်ကွက်နေ အီဘရာဟင်း ၃၅ နှစ်ပါ ၄ ဦးသည် သလူချောင်းကျေးရွာတောင်ဘက် ၁ မိုင်ခန့်အကွာရှိ ပုဇွန်ကန်အား စောင့်ကြပ်နေစဉ် မင်္ဂလာကြီးချောင်းမှ လောင်းလှေ ၂ စီးဖြင့် မျက်နှာဖုံးစွပ်ထားသူ လူ ၂၅ဦးခန့် ရောက်ရှိလာပြီး အီဘရာဟင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
-
ကျန်ရှိသည့် ဂေါင်ညာကျေးရွာနေ နူကာမာ ပါ ၃ ဦးအား မျက်နှာတွင်အဝတ်များဖြင့်ချည်နှောင်ကာ လက်ပြန်ကြိုးတုတ်ပြီး ပုဇွန်ကန်တဲတိုင် တစ်တိုင်စီတွင်ချည်နှောင်၍ ရိုက်နှက်ခဲ့သောကြောင့် သတိလစ်မျောနေခဲ့ရာမှ ဇွန် ၆ ရက်တွင် သတိရရှိပြီး ကြိုးများဖြည်ကာ မျောတောင်ကျေးရွာနေ ယောက္ခမဖြစ်သူ ဆာရာဟာတူ နေအိမ်တွင် ဆေးကုသခဲ့ရကြောင်း သိရှိရသည်။
-
ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် နူကာမာမှ ရွက်ညိုတောင် ရဲကင်းစခန်းသို့ လာရောက်အကြောင်း ကြားသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.