ကျောင်းထုတ်ခံရသူပြန်တက်ခွင့်ရ



မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ(အထက်မြန်မာပြည်) ရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသား ၂ ဦးကို ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
စစ်ကိုင်းပညာရေးကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်ရေးကို ဆန္ဒပြတာကြောင့် ဖမ်းဆီးခံရပြီး ကျောင်းထုတ်ခံခဲ့ရ တဲ့ ကျောင်းသား ကိုဇော်ရဲထွဋ်ကို အဆင့်မြင့်ပညာ ဦးစီးဌာနက ကျောင်းပြန်တက်ခွင့်ပြုလိုက်ပါတယ်။

ကျောင်းပြန်တက်ခွင့်ရဖို့ ကောလိပ်တာဝန်ရှိသူတွေ၊ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် ညှိနှိုင်းခဲ့ရပြီး ကျောင်းပြန်တက်ခွင့်ရတယ်ဆိုတာကို မနေ့က သိရတာဖြစ်တယ်လို့ ကျောင်းထုတ်ခံရသူ ကိုဇော်ရဲထွဋ်က ပြောပါတယ်။

"အဆင့်ဆင့်ညှိနိုင်းတယ်ခင်ဗျ။ ကျောင်းနဲ့အရင်ဆုံးညှိနှိုင်းတယ်။ ပြီးတော့ ညွှန်ချုပ်တွေနဲ့ ညှိနှိုင်းတယ် ။ နောက်ပြီးတော့ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးနဲ့လည်း တခြားရဲဘော်တွေ ညှိနှိုင်းတယ်ခင်ဗျ ။ နောက်ပြီးတော့ ဦးဝင်းထိန်တို့နဲ့လည်း နေပြည်တော်မှာ သွားပြီးညှိနှိုင်းတာတွေ ရှိတယ်ဗျ။ အဲလိုမျိုး ကျနော်တို့ အဆင့်ဆင့် ညှိနှိုင်းခဲ့ကြတယ်ဗျ။ အကုန်လုံးညှိနှိုင်းပြီးပြီဗျ။ အဲဒီမှာ သူတို့ အချင်းချင်း အစည်းအဝေး ပြန်ထိုင်မယ်ဆိုပြီးတော့ မနေ့ကမှ သိရတာ"

ကျောင်းပြန်တက်ခွင့်ရပြီ ဖြစ်တဲ့အတွက် လာမယ့် တနင်္လာနေ့ကစပြီး ကျောင်းစတက်မယ်လို့ ကိုဇော်ရဲထွဋ် က ပြောပါတယ်။ ကိုဇော်ရဲထွဋ်ဟာ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်ပြီ ကျောင်းအုပ် ချုပ်ရေးကို တခြားဗကသကျောင်းသား ၃ ယောက်နဲ့အတူ ဧပြီ ၂၆ ရက်နေ့မှာ ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၄ လ ချမှတ်ခံရပြီး ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.