မိုရာမုန်တိုင်းပြီးနောက် မသန့်ရှင်းသည့် ရေများကို စစ်တွေလူထု သုံးစွဲနေရ



( စစ်တွေမြို့တွင် လက်ရှိသုံးစွဲနေရသော ရေကို ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။)
စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့နေလူထုသည် မိုရာမုန်တိုင်း တိုက်ခတ်ပြီးကတည်းက မသန့်ရှင်းသော ရွံ့အနယ်များပါဝင်နေသော ရေကိုအသုံးပြုနေကြရသည်ဟု သတင်း ရရှိသည်။

“ ကန်တော်ကြီးကလာတဲ့ ရေက လုံးဝ မသန့်ရှင်းဘူး။ ကျုတ်ရေ (ရွံ့ရေ) ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ခြား အသုံးပြုစရာရေမရှိတဲ့ အတွက် ဒီရေကိုဘဲ ချက်ပြုတ်ရာမှာရော၊ ရေချိုးတဲ့အခါရော အသုံးပြုနေကြရပါတယ်” ဟု ရွှေပြားရပ်ကွက်မှ ဒေါ်နွယ်နီအေးက ပြောသည်။

စစ်တွေမြို့ရေပေးဝေရေးကို စစ်တွေစည်ပင်သာယာမှ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မြို့တွင်းသို့ ရေပေးဝေ ဖြန့်ဖြူးရာတွင် ယခုအချိန်ထိ ရေသန့်စက်များ တပ်ဆင်ခြင်း မရှိဘဲ တိုက်ရိုက် ရေများကို ပိုက်လုံးများမှ တစ်ဆင့် ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေများကို သန့်ရှင်းပေးသည့် စက်များမှ ဖြန့်ဝေခြင်း မဟုတ်သဖြင့် ပိုက်လုံးများမှ တစ်ဆင့် ရွံ့အနယ်များပါသော မသန့်ရှင်းသော ရေများကို စစ်တွေမြို့နေလူထု အနေဖြင့် သုံးစွဲနေကြရခြင်း ဖြစ်သည်။

စက်ရုံစု ရပ်ကွက်မှ အမျိုးသမီးကြီး တစ်ဦးက“ အိမ်မှာရေတွင်းရှိတဲ့သူတွေကတော့ ရေကောင်းကောင်း သုံးရပေမယ့် ကန်တော်ကြီးရေကို သုံးရတဲ့သူတွေက ရွံ့ရေတွေကို သုံးနေရပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေကတော့ ပြင်ပသောက်ရေသန့်ဗူးလည်း မ၀ယ်နိုင်တဲ့ အတွက် ဒီရေတွေကိုဘဲ သောက်နေရပါတယ်။ သုံးနေရပါတယ်။ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်မှာကို စိုးရိမ်နေမိပါတယ်” ဟု ပြောဆိုသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေး အဖွဲ့အဖွဲ့ မှ အမှု့ဆောင်အရာရှိ (ဒုညွှန်မှူး) ဦးကျော်မိုးအား ဆက်သွယ်မေးမြန်းရာ ဂျပန်ချေးငွေဖြင့် ကန်တော်ကြီးမှ ဖြန့်ဝေသည့် ရေများကို ရေသန့်ထုတ်လွှတ်ပေးရန် ရေသန့်စက်ရုံတည်ဆောက်နေပြီး ဇူလိုင်လ အတွင်း ဖြန့်ဖြူးပေးနိုင်အောင် ကြိုးစားနေကြောင်း ပြောကြားသည်။

“ သဘာဝဘေးအန္တာရာယ် တစ်စုံတစ်ရာမကျရောက်ရင် ဇူလိုင်လအတွင်း ရေသန့်စက်ရုံ ပြီးစီးပြီး မြို့တွင်းသို့ ရေသန့်များကို ဖြန့်ဖြူးနိုင်တော့မှာ ဖြစ်ပါတယ်။ ရေသန့်ဆိုပေမယ့် ရေသန့်ဗူး တွေလိုမျိုး မဟုတ်ဘူး။ ကန်တော်ကြီးကရေကို သဲ၊ ပိုးမွှားတွေမပါအောင် စက်ရုံထဲမှာသန့်စင်ပြီးတော့ ကလိုရိန်း ဆေးခပ်ပြီးမှ ထုတ်လွှတ်မှာ ဖြစ်ပါတယ် ” ဟု ဦးကျော်မိုးက ပြောသည်။

မိုရာ မုန်တိုင်းကျရောက်ပြီးနောက် စစ်တွေမြို့ကို ရေဖြန့်ဖြူးပေးနေသည် ကန်တော်ကြီး ရေများမှာ ညစ်ညမ်းသွားခဲ့ပြီး သုံးစွဲရန် မသင့်တော်သော်လည်း ရေဖြန့်ဖြူးရာတွင် ရေသန့်စက် မရှိရာမှ ယခုလို ရွံ့နယ်များပါသော ကန်တော်ကြီးမှ ရေကို ဆက်လက် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.