စိတ္တရမဟီအိမ်​ရာဝင်းတွင်​ အမျိုးသားတစ်​ဦး (၅)လွှာမှ ခုန်​ချ​ ​သေဆုံး


မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ၂၆×၂၇လမ်းကြား၊ ၇၃×၇၄လမ်းကြား၊ စိတ္တရမဟီအိမ်​ရာဝင်းအတွင်းတွင်​ ဇွန်​လ ၁၆ရက်​​နေ့ နံနက်​ ၆း၄၅နာရီအချိန်​ခန့်​က တိုက်​(B)၊ ၅ လွှာမှ အမျိုးသားတစ်​ဦး ခုန်​ချ​သေဆုံးမှုဖြစ်​ပွား​ကြောင်း သိရသည်​။


အခင်းဖြစ်​ပွားရာသို့ အမှတ်​ ၈ မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်​​မောင်သိန်းနှင့်​ တပ်​ဖွဲ့ဝင်​များမှ သက်​​သေများနှင့်​အတူ ​ရောက်​ရှိစစ်​ဆေးခဲ့ရာ ​သေဆုံးသူမှာ စိတ္တရမဟီအိမ်​ရာဝင်း၊ တိုက်​(B)၊ ၅လွှာ၊ အခန်း ၁၈ ​နေ ဦး​အောင်​ချိုစိုး၊ ၄၈နှစ်​၊(ဘ)ဦး​စောမောင်​​​မောင်​၊ ကရင်​/ခရစ်​ယာန်​သည်​ (၅)လွှာမှ ခုန်​ချ ​သေဆုံးခဲ့ခြင်းဖြစ်​​ကြောင်း သိရပြီး အ​လောင်းအား ​မန္တ​လေး​ဆေးရုံကြီးသို့တင်​ပို့၍ ​ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​/မဟုတ်​ စုံစမ်းစစ်​​ဆေးနိုင်​ရန်​ ​သေမှု​သေခင်းအမှတ်​စဉ်​(၁၃/၂၀၁၇)ဖြင့်​ အမှုဖွင့်​လှစ်​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.