အောင်ဝင်းခိုင်ကို စုံစမ်းမှုအခြေအနေတင်ပြရန် CID မှ အချိန်ထပ်မံတောင်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံတဲ့ သေနတ်သမားကြည်လင်း အပါအဝင် (၄)ဦးကို ဇွန်(၂)ရက် နံနက်(၁၁)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီလိုရုံးထုတ်ရာမှာ နေပြည်တော်ပရဆေးဥယျာဉ်ဘက်မှာ ပျောက်ဆုံးသွားတဲ့ တရားခံပြေး အောင်ဝင်းခိုင်ကို ရှာဖွေရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ့်ရက်ဟာ အချိန်လုံလောက်မှု မရှိသေးတာကြောင့် CID က ရဲမှူး တင်မောင်ရွှေက အချိန်ထပ်တိုးပေးပို့ လာရောက်တင်ပြသွားပြီး တရားရုံးကလည်း ဇွန် (၉)ရက်အထိခွင့်ပြုလိုက်တယ်လို့ သေဆုံးသူ ဦးကိုနီဘက်က လိုက်လံဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

 အဲဒီအချိန်တစ်ပတ်အတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို ပြည့်ပြည့်စုံစုံဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ရဲမှူးတင်မောင်ရွှေက တင်ပြခဲ့တယ်လို့ ဦးနေလက ပြောပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အောင်ဝင်းခိုင်ထွက်ပြေးလွတ်မြောက်သွားတဲ့ နေပြည်တော်ပရဆေးဥယျာဉ်အနီးကို ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ဖို့ ညွှန်ကြားတဲ့အချိန်ကျမှသာ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတာကိုတွေ့ရတယ်လို့ ဦးနေလရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုအမှုကိုစစ်ဆေးနေတဲ့ မြောက်ပိုင်းခရိုင်တရားရုံးဟာ လုံခြုံမှုမရှိတာကြောင့် ရုံးပြောင်းစစ်ဆေးဖို့ တရားရုံးကို တင်ပြသွားမှာဖြစ်တယ်လို့ သေဆုံးသူ ဦးနေဝင်းရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် ဇွန်(၉)ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပြီး အဲဒီရုံးချိန်းမှာ ရဲမှူးတင်မောင်ရွှေက CID ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ရဲမင်းထွန်းက ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.