စစ်ပွဲများ အလိုမရှိ ပြဇာတ်ကို Facebook Live တင်မိလို့ ၆၆ဃ နဲ့ အရေးယူ

ဖေ့စ်ဘွတ်ခ် လိုက်ဖ် တင်မိလို့ အရေးယူခံရ

စစ်ပွဲများအလိုမရှိ ပြဇာတ်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ် လိုက်ဗ်တင်ခဲ့လို့ ဆက်သွယ်ရေးပုဒ်မ (၆၆)ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှာသူများအဖွဲ့ (HRAA) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကို ဒီနေ့ ရုံးထုတ်ခဲ့ပြီး အမှုအတွက် အာမခံပေးဖို့ ပုသိမ်မြို့ တရားရုံးကနေ အမိန့်ချမှတ်ခဲ့ပါတယ်။

ဦးထွန်းထွန်းဦးဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ ပညာပါရမီ ပညာဒါနကျောင်းမှာ ကျောင်းသားတွေ တင်ဆက်ခဲ့တဲ့ ပြဇာတ်ကို ဖေ့စ်ဘွတ်ပေါ်လိုက်ဗ်တင်ခဲ့တာကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုလုပ်တိုင်ကြားထားတာဖြစ်ပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောစကား တခုဖြစ်တဲ့ လူတယောက်ဟာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ချက် မချမခြင်း အပြစ်ရှိတယ်လို့ ခံယူလို့ မရကြောင်း လျှောက်ထားခဲ့ရာမှာ တရားသူကြီးက ကြားနာပြီး အာမခံ ပေးလိုက်တာ ဖြစ်တယ်လို့ ဒီနေ့ တရားခွင်မှာ အမှုအတွက် အာမခံရခဲ့တာနဲ့ ပတ်သက်လို့ HRAA ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ပြောပါတယ်။

စစ်ပွဲများ အလိုမရှိ ပြဇတ်မှာ သရုပ်ဆောင်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ကျစေတဲ့ အကြောင်းတွေ တင်ဆက်ထားပြီး ဒါကို ဖေ့စ်ဘွတ်ခ် ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့် တင်ပြခဲ့တဲ့ အတွက် အရေးယူခံရတာလို့ ဆိုပါတယ်။

ကနဦး တုန်းက သူ့ကို ပုဒ်မ ၅၀၀ နဲ့ ဖွင့်ပြီး နောက် နှစ်ရက် အကြာမှာ ၃၄ ဃ နဲ့ တခါ ပြန်ဖွင့်ကာ မနေ့ကတော့ ၆၆ ဃ နဲ့ စွဲချက်တင် ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

အခုအခါ တပ်မတော်ကို အကြည်ညို ပျက်စေမှုနဲ့ သတင်းမီဒီယာ သမားတွေကို ဒီ ဆက်သွယ်ရေး ပုဒ်မ ၆၆ဃ နဲ့ တရားစွဲ အရေးယူခဲ့တာ အခု အန်အယ်ဒီ အစိုးရ လက်ထက်မှာ နှစ်ကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.