Facebook ကို အမြဲတမ်းစွဲလမ်းစွာဖြင့် အချိန် ကုန်နေသူတွေကို ကုစားပေးမဲ့ ပုဂ္ဂလိက ဆေး ခန်းတစ်ခု အယ်လ်ဂျီးရီးယားနိုင်ငံမှာ စိတ်ရော ဂါကျွမ်းကျင်ပုဂ္ဂိုလ်တွေကက ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီဆေးခန်းဟာ အာရပ်ကမ္ဘာမှာ ပထမဦးဆုံး ဖွင့်လှစ်တဲ့ ဆေးခန်းဖြစ်ပြီး ကမ္ဘာမှာ တရုတ်နဲ့တောင်ကိုရီးယားပြီးရင် Facebook အစွဲအလမ်းကုသရေး တတိယမြောက် ဆေးခန်းဖြစ်ပါတယ်။
ဆေးခန်းရဲ့ ဒါရိုက်တာမှာ လူ့ဖွံ့ ဖြိုးရေးသိပ္ပံပ ညာရှင် ရောအော့ဖ်ဘိုကာဖာဖြစ်ပြီး မူးယစ် ဆေးဝါး၊ ဆေးလိပ်နဲ့ အရက်စွဲနေသူတွေကို ကုသပေးတဲ့ စိတ်ရောဂါပညာရှင်တွေနဲ့ အတူပူးပေါင်းပြီးFacebook စွဲနေသူများကို ကူညီဖြေရှင်းပေးဖို့ လုပ်ဆောင်နေပါတယ်။
အဲဒီ စွဲလမ်းမှုမှာ စိတ်ပိုင်းဆိုင်ရာ လူမှုရေး နဲ့ လုံခြုံရေးဆိုင်ရာ ထိခိုက်မှုတွေရှိလာမည်ဖြစ်ပြီး အဲဒီလို ကုစားပေးဖို့ အစီအစဉ်တွေပြုလုပ် ထားကြောင်း သူက ပြောကြားခဲ့ပါတယ်။
ယင်းစွဲလမ်းမှုမှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိခိုက်မှုတွေရှိလာမှာဖြစ်ပြီး အဲဒီလို ကုစားပေးဖို့် စီစဉ်ထားခြင်းဖြစ်တယ်။
Facebook စွဲလမ်းနေမှုဟာ အင်တာနက်ကို လူသစ်စုဆောင်းရေး လက်နက်ကိရိယာအဖြစ် အသုံးပြုနေတဲ့ အစွန်းရောက်အစ္စလာမ်ဝါဒီများရဲ့ ဦးနှောက်ဆေးကြောမှုကိုခံရနိုင်တဲ့ အခြေအနေရှိကြောင်း ဘိုကာဖာက တင်ပြခဲ့ပါတယ်။
TWT
(Ref : Reuters)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
COMMENTS