မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှုမှာ အကြမ်းဖက်မှုဖြစ်ကြောင်း FBI ပြော



အမေရိကန်နိုင်ငံ မစ်ချီဂန်လေဆိပ်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ချီကာဂို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အလယ်အနောက်ပိုင်း မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော ဓားဖြင့်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးခဲ့ရာတွင် ၄င်းမှာ “ အကြမ်းဖက်တိုက်ခိုက်မှု” တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဇွန်လ ၂၁ ရက်တွင်ပြောကြားလိုက်သည်။

ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် မစ်ချီဂန်လေဆိပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ကနေဒါနိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း FBI က အတည်ပြုနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

သံသယရှိသူမှာ အသက် ၅ဝ နှစ်အရွယ်ရှိ ကနေဒါနိုင်ငံသား Amor Ftouhi ဖြစ်ကြောင်း ၊ ၄င်းသည် ၂ဝ၁၆ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း မစ်ချီဂန်ပြည်နယ် Flint မြို့ ၌ ပြုလုပ်သော ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲ တစ်ခု၌ FBI အထူးစုံစမ်းစစ်ဆေးရေးမှူး David Gelios က ပြောကြားခဲ့သည်။

FBI အရာရှိအဆိုအရ Flint မြို့  Bishop နိုင်ငံတကာလေဆိပ်၌  ရဲအရာရှိ Jeff Neville အား အရှည် ၃ဝ စင်တာမီတာရှိ ဓားဖြင့်တိုက်ခိုက်မှု မပြုလုပ်မီ Ftouhi သည် “ အလ္လာအက်ဘာ” သို့ မဟုတ် “ ကြီးကျယ်မြင့်မြတ်သော အလ္လာ” ဟု ဟစ်အော်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံခဲ့ရသော Neville သည် ကောင်းမွန်သက်သာသော အခြေအနေတွင် ရှိနေကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအား မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်းလဲသော တိုက်ခိုက်မှုအဖြစ် FBI အရာရှိ Gelios က ပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.