တူရကီနိုင်ငံသားကို ဌာနေပြန်ပို့မှု မြန်မာနဲ့ ထိုင်း ကို HRW ဝေဖန်


ခိုလှုံခွင့်တောင်းခံသူ တူရကီနိုင်ငံသား Muhammet Furkan Sokmen ကို မြန်မာအာဏာပိုင်တွေက အတင်းပြန်ပို့ခဲ့တာ ဟာ တကယ့်လူ့အခွင့်အရေးချိုးဖေါက်မှုပဲလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကပြောလိုက်ပါတယ်။

တူရကီအာဏာပိုင်တွေရဲ့တောင်းဆိုချက်ကြောင့် Muhammet Sokmen ကို မေလ ၂၄ရက်နေ့က ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်တွေကဖမ်းဆီးခဲ့တာပါ။ သူ့ရဲ့နိုင်ငံကူးလက်မှတ်လည်း ဖျက်သိမ်းခံထားရတာပါ။ Muhammet Sokmen နဲ့သူ့မိသားစုကို ထိုင်းနိုင်ငံလေဆိပ်က လူဝန်မှုကြီးကြပ်ရေးစခန်းမှာ၂၄နာရီလောက်ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံကနေတဆင့် တူရကီနိုင်ငံကိုအတင်းပြန်ပို့ခဲ့တာပါ။အမေရိကန်အခြေစိုက် စွန်နီမွတ်စလင်ဘာသာရေးခေါင်း ဆောင် Fethullah Gulen ရဲ့လှုပ်ရှားမှုနဲ့ဆက်စပ်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ အခုလိုအတင်းပြန်ပို့ခံခဲ့ရတာပါ။

၂၀၁၆ခု တူရကီနိုင်ငံက အာဏာသိမ်းဖို့ကြိုးပမ်းမှုမှာ Fethullah Gulen နဲ့အဖွဲ့ကတာဝန်ရှိပြီး ဒီအဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ လည်းဖြစ်တယ်လို့ တူရကီအာဏာပိုင်တွေက ယူဆထားတာပါ။ မေလ၂၆ရက်နေ့က Muhammet Sokmen ကို တူရကီ နိုင်ငံပြန်ပို့ခဲ့ပြီး တူရကီအာဏာပိုင်တွေက ဆက်လက်ဖမ်းဆီးပြီး သူ့နေထိုင်တဲ့ပြည်နယ်မှာ ပြစ်မှုစုံစမ်းစစ်ဆေးရေးလုပ် ဖို့ စီစဉ်ထားပါပြီ။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.