အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS ခြေကုပ်စခန်းများကို ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်


တီဟီရန် ၂၀-၆-၂၀၁၇

အီရန်တော်လှန်ရေး အစောင့်တပ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့ပြီး လူ ၁၈ဦး သေဆုံးခဲ့ရသော တီဟီရန် အကြမ်းဖက်မှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS ခြေကုပ်စခန်းများကိုယနေ့တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီရာအယ်လ်ဇောဒေသရှိ IS စစ်စခန်းများကို အီရန်တော်လှန်ရေး အစောင့်တပ်က မြေပြင်ပစ် တာလတ်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အများ အပြားသေဆုံး၍ ၎င်းတို့၏ စစ်လက်နက်ယန္တရားများ ပျက်စီးခဲ့ကြောင်း အီရန်အစိုးရ သတင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

အီရန်အစောင့်တပ်က ပစ်လွှတ်လိုက်သော ဇိုဖာဂါအမျိုးအစား ဒုံးကျည်ခြောက်စင်းသည် အီရတ်နိုင်ငံကို ဖြတ်ကျော်ပျံသန်း၍ မိုင်ပေါင်း ၃၇ဝ အကွာအဝေးရှိ IS ဌာနချုပ်တစ်ခုနှင့် အသေခံကားဗုံး တပ်ဆင်ရေးဌာန တစ်ခုကို ထိမှန်ခဲ့ကြောင်း အီရန်မီဒီယာများ၏ အဆိုအရ သိရသည်။

အီရန်၏ ဇွန် ၁၈ရက်က ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုသည် တီဟီရန် အကြမ်းဖက်မှုအတွက် လက်စားချေခြင်းသက်သက်သာ မဟုတ်ဘဲ ဒေသတွင်းပြိုင်ဘက် ဆော်ဒီအာရေဗျာနိုင်ငံနှင့် အစဉ်အလာရန်သူ အမေရိကန်ပြည်ထောင် စုတို့ကိုပါ သတိပေးလိုက်သည့် သဘောဖြစ်ရာ အရှေ့အလယ်ပိုင်း ဒေသစစ်ရေး တင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်သည်။

အဆိုပါ ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုသည် နှစ်ပေါင်း ၃ဝကြာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ်ပြည်ပနိုင်ငံ တစ်နိုင်ငံမှ ပစ်မှတ်များကို အီရန်နိုင်ငံက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.