"မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ Mega Money Fight သြဂုတ် ၂၆ရက်နေ့မှာ ထိုးသတ်မယ်"

လက်ဝှေ့လောကမှ အနားယူပြီးဖြစ်တဲ့ ဖလွိုက် မေ၀ယ်သာဟာ လက်ရှိ UFC ( ဘက်စုံကိုယ်ခံပညာသုံး တိုက် ခိုက်ရေးပြိုင်ပွဲ) လိုက်ဝိန်တန်း ချန်ပီယံ ကော်နာ မက်ဂရီဂေါ်နဲ့ လာမယ့် သြဂုတ်လ ၂၆ရက်နေ့မှာ ထိုးသတ်ဖို့ သဘောတူညီမှုရခဲ့ကြပါတယ်။ အသက် ၄၀အရွယ်ရှိတဲ့ မေ၀ယ်သာဟာ ၂၀၁၅ခုနှစ်တုန်းက အန်ဒရေဘာတိုကို အနိုင်ယူပြီးနောက် လက်ဝှေ့လောက ကနေ အနားယူခဲ့ပြီး ဖြစ်ပေမယ့် စိန်ခေါ်သူ ကော်နာ မက်ဂရီဂေါ်နဲ့ နောက်ဆုံးမှာတော့ ထိုးသတ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ၁၅၄ပေါင်တန်း၊ ၁၂ချီ၊ လက်ဝှေ့ စည်းမျဉ်းနဲ့ အညီ ထိုးသတ်မယ့် ဒီပွဲမှာ မေ၀ယ်သာ သူ့ရဲ့ အနှစ် ၂၀ လက်ဝှေ့ သက်တမ်းတစ်လျောက် ၄၉ပွဲရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ်ပေမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံ ကော်နာ မက်ဂရီဂေါ်ကတော့ လက်ဝှေ့ အားကစားနည်းကို ကြေးစား သာမက အပျော်တမ်းမှာပါ ထိုးသတ်ဖူးခြင်းမရှိ သူဖြစ်ပါတယ်။

ဒီပွဲဟာ လက်ဝှေ့နဲ့ UFC ပရိသတ်တွေ အတော်ကြာ စောင့်မျှောင်နေတဲ့ ပွဲဖြစ်ပြီး သမိုင်းတစ်လျောက် ကြေးအကြီးဆုံး စံချိန်တင်နိုင်ဖွယ်ရှိတဲ့ ပွဲဖြစ် ပါတယ်။ ဒီပွဲဟာ အရင် ပတ်ကယောင် - မေ၀ယ်သာတို့ရဲ့ ပွဲလိုပဲ Mega Money Fight ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်က T-Mobile Arenaမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ ၂၃လကျော်ကြာ အနားယူပြီးမှ တစ်ကျော့ပြန် ထိုးသတ်မယ့် မေ၀ယ်သာဟာ ဒီပွဲအတွက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ ကနေ သန်း၁၆၀အထိရရှိနိုင်ဖွယ်ရှိပြီး ကော်နာ မက်ဂရီဂေါ်က သန်း ၁၀၀အထိ ရနိုင်ဖွယ်ရှိပါတယ်။ နယ်ပယ် မတူတဲ့ ပြိုင်ပွဲနှစ်ခုကြားက ချန်ပီယံတွေ ထိုးသတ်မယ့် ဒီပွဲဟာ လက်ဝှေ့လောကရဲ့ စံချိန်တင် ၀င်ငွေရမယ့် ပွဲဖြစ်လာမယ်လို့ ပွဲစီစဉ်သူတွေကို ဆိုထားပြီး ၀င်ငွေ အရပ်ရပ်ကနေ ဒေါ်လာ ၁ဘီလျံအထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် အွန်လိုင်း လက်မှတ် ရောင်းချတဲ့ ၀က်ဆိုဒ်တွေမှာတော့ သူတို့နှစ်ဦး ထိုးသတ်ဖို့ သဘောတူညီပြီး နာရီ ပိုင်းအတွင်းပဲ လက်မှတ်များ ရောင်းကုန်ခဲ့ပြီလို့ဆိုပါတယ်။ မှောင်ခို ဈေးကွက်မှာတော့ အဲ့ဒီပွဲကို အနည်းဆုံး ဒေါ်လာ ၁သောင်း ရှိနေပါတယ်။ ဆိုတော့ လက်ဝှေ့နဲ့ UFC ပွဲတွေမှာ ငွေစကား အများဆုံး ပြောကြာတဲ့ မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ ပွဲက ဘယ်သူ အနိုင်ရမလဲ....

"မေ၀ယ်သာ လက်ဝှေ့ မှတ်တမ်း"

အသက် - ၄၀နှစ်
ထိုးသတ်ပွဲ - ၄၉ပွဲ
နိုင်ပွဲ - ၄၉ ပွဲ ရှုံးပွဲမရှိ
အလဲထိုး - ၂၆ပွဲ
အရပ် - ၅ပေ ၈လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၇၀၀

"မက်ဂရီဂေါ် UFC မှတ်တမ်း"

အသက် - ၂၈နှစ်
ထိုးသတ်ပွဲ - ၂၄ပွဲ
နိုင်ပွဲ - ၂၁ပွဲ
အလဲထိုး - ၁၈ပွဲ
ရှုံးပွဲ - ၃ပွဲ
အရပ် - ၅ပေ ၉ လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၄၀

"Mega Money Fight မှ စိတ်ဝင်စားဖွယ် အချက်အလက်များ"

၁) လက်မှတ်ရောင်းရငွေ - ၇၇သန်း
၂) PPV ( Pay-Per-View) - ၄၇၅သန်း
၃) စပွန်ဆာ - ၂၂သန်း
၎) Worldwide View - ၄၅၀သန်း

( ခန့်မှန်းခြေ အနည်းဆုံး ၁ ဘီလျံ ရမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်း ထားတာ ဖြစ်ပါတယ်။)
BBC Burmese

COMMENTS

Name

art,1,article,1287,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,27,history,2,international,6691,interview,208,knowledge,4,Live,8,LocalNews,14564,news,2842,opinion,752,photos,202,poem,115,satires,38,song,12,speech,12,sports,130,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: "မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ Mega Money Fight သြဂုတ် ၂၆ရက်နေ့မှာ ထိုးသတ်မယ်"
"မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ Mega Money Fight သြဂုတ် ၂၆ရက်နေ့မှာ ထိုးသတ်မယ်"
https://1.bp.blogspot.com/-8lBz9WMf3XQ/WUMSVPv7SEI/AAAAAAAAciw/z-QAm1o0JqEErl-8MJCMNaVsBxSQ0mXhgCLcBGAs/s1600/q1.png
https://1.bp.blogspot.com/-8lBz9WMf3XQ/WUMSVPv7SEI/AAAAAAAAciw/z-QAm1o0JqEErl-8MJCMNaVsBxSQ0mXhgCLcBGAs/s72-c/q1.png
dawnmanhon
http://www.dawnmanhon.com/2017/06/mega-money-fight.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/mega-money-fight.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy