Morning Star စားသောက်ဆိုင်ကို ဖယ်ရှား



( ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာရှိတဲ့ Morning Star စားသောက်ဆိုင်ကို ဇွန်လ ၁၁ ရက်နေ့က ဖြိုချဖယ်ရှားစဉ် ) Photo: Kaung Htet Kyaw/RFA
ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ သစ်တောဦးစီးဌာနတို့က ဖြိုချဖယ်ရှားခဲ့ပါတယ်။

အဲဒီဆိုင်ကို ဖယ်ရှားပေးဖို့ သတိပေးစာ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် မဖယ်တာကြောင့် အခုလို ဖျက်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော် က ပြောပါတယ်။

Morning Star စားသောက်ဆိုင်မြေနေရာဟာ သစ်တောဦးစီးဌာနပိုင်ဖြစ်ပြီး ၂၀၀၂ခုနှစ်ကစပြီး ငှားရမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ မတ်လကစပြီး ငှားရမ်းခ ကောက်ခံခြင်းမရှိတော့ဘဲ ၂၀၁၃ ခုနှစ် သြဂုတ်လ နောက်ဆုံးထားဖယ်ရှားပေးဖို့ စတင်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီဆိုင်မြေနေရာကို သစ်တောဦးစီးဌာနက ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.