Newcastle ဘောလုံးသမားဟောင်း ရုတ်တရက် ကွယ်လွန်


တီယောတေးဟာ Ivory Coast အသင်းရဲ့ လက်ရွေးစင် ဘောလုံးသမားဟောင်းလည်းဖြစ်
Newcastle United အသင်းမှာ ပရီမီယာလိဂ်ပွဲအတွက် ၇နှစ်ကြာ ကစားခဲ့ဖူးတဲ့ Ivory Coast လက်ရွေးစင် ဘောလုံးသမားဟောင်း ရှေ့ခ် တီယောတေးဟာ အသက်၃၀ အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက Newcastle အသင်းကနေ တရုတ် Beijing Enterprises အသင်းကို ပြောင်းခဲ့တာ ဖြစ်ပြီး Beijing Enterprises အသင်းမှာ လေ့ကျင့် သင်တန်းဆင်းနေတုန်း အခုလို ရုတ်တရက်လဲကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရှေ့ခ် တီယောတေးဟာ Ivory Coast အသင်းအတွက် အကြိမ်ပေါင်း ၅၀ကျော် ကစားခဲ့ပြီး ၂၀၁၅ခုနှစ် အာဖရိက နိုင်ငံများ ဖလားဆု ဆွတ်ခူးခဲ့စဉ်မှာလည်း ပါဝင်ကစားခဲ့သလို ၂၀၁၀နဲ့ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပွဲတွေမှာလည်း Ivory Coast အသင်းမှာ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.