ဆီးရီးယားနိုင်ငံ Raqqa မြို့ တွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၃ဝ ကျော် သေဆုံး

ဆီးရီးယားနိုင်ငံ၌ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များက လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကက်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

    အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Raqqa မြို့ ပေါ်သို့ ဇွန်လ ၅ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူပေါင်း ၃ဝ ကျော် သေဆုံးသွားကြောင်း အစိုးရလိုလားသည့် al-Watan သတင်းစာမျက်နှာက ရေးသားဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် Euphrates မြစ်၏ တောင်ပိုင်းကမ်းခြေတွင် နေထိုင်သည့် အရပ်သားများအား သယ်ယူပို့ ဆောင်ရေးပြုလုပ်ပေးနေသည့် မော်တော်ဘုတ်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရာမန်ဒန်ဥပုတ်ကာလ မတိုင်မီ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယား လူ့ အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ က သေဆုံးသူဦးရေမှာ ၂ဝ ကျော် ရှိကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၃ ရက်တွင် Raqqa မြို့ အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ပုံစံမျိုးအတိုင်း ပြုလုပ်ခဲ့သည့် စစ်ဆင်မှုတွင် အနည်းဆုံး အရပ်သား ၄၃ ဦးထက်မနည်းသေဆုံးသွားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ဖော်ပြသည်။

 ဆီးရီးယားနိုင်ငံ အရှေ့ ပိုင်း နှင့် မြောက်ပိုင်းဒေသများကို အိုင်အက်စ်အကြမ်းဖက်အုပ်စုက ထိန်းချုပ်ထားသလို Raqqa မြို့ ကိုလည်း အိုင်အက်စ်တို့ ကထိန်းချုပ်ထားရာ ယင်းမြို့ ပေါ်သို့  အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုအရေအတွက်မှာ မကြာသေးခင်ကာလက မြင့်တက်လျက် ရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတွင်ပြုလုပ်နေသော အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ ဝင်များ၏ အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးသည် တရားမဝင်ကြောင်း နှင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်လျက်ရှိ၍ ရှုတ်ချကြောင်း ဆီးရီးယားအစိုးရက ထုတ်ပြန်ကြေညာထားသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.