Return of ဗြိ ................. ဗြိ ပြန်​လာပြီ။


ရှင်​လိင်​ပြန်​တဲ့​နေ့၊ မိန်းမယူတဲ့​နေ့၊ ​ထောင်​ကထွက်​တဲ့​နေ့..အဲ့ဒီသုံး​နေ့ဟာ ​ယောက်ျားတစ်​​ယောက်​အတွက်​ အ​ပျော်​ဆုံးတဲ့။
မောင်​ဗြိက​တော့ ဒုလဘ္ဘဝတ်​​နေတုန်း ​လေဒီဗြိနဲ့ ဆုံတယ်​။
အဲ...လူထွက်​ပြီး မကြာဘူး။ မိန်းမရသဗျာ။

ဟော့..မိန်းမရပြီးမှမကြာဘူး..အင်းစိန်​နရသိန်​ လို့​ခေါ်တဲ့ ထမင်း​​ကျွေး​သော​ကျောင်း​တော်​ကြီး
မန်​မန်းစကူး ကို အလည်​​ရောက်​ပါ​လေ​ရော။
ကိုင်း...ဒီ​လိုအ​ပျော်​ဆုံး​နေ့​တွေချည်း ဆက်​တိုက်​ကြုံရဖို့ဆိုတာ နည်းတဲ့ကုသိုလ်​ကံကြီးလား။
ဒီ​တော့ကာ..​​​​မောင်​ဗြိရဲ့ ဆယ့်​​လေးရက်​တာ ​ထောင်​အ​တွေ့အကြုံ​လေး​ဖောက်​သည်​ချရဦးမယ်​။

ကျွန်​​တော်​နဲ့
အယ်​ဒီတာချုပ်​အကို​ကျော်​မင်း​ဆွေ တို့ကို ရဲစခန်းအချုပ်​က​နေ အင်းစိန်​​ထောင်​ကြီးကို ပို့​တော့မယ်​​ပေါ့။
အချုပ်​ကားအပြာကြီး​ပေါ်တင်​ပြီး ကားထွက်​ပြီဆိုတာနဲ့ ပထမဆုံးဆုံရတာ​တော့ ဗိုလ်​​အောင်​ဒင်​ပဲ။
ဗိုလ်​​အောင်​ဒင်​ဆိုလို့ အချုပ်​ကား​ပေါ်က ရာဇဝင်​လူဆိုးကြီးလို့ မထင်​နဲ့ဦး။
ဟုတ်​သပါ့ဗျာ။

ဒီမှာ နှစ်​​ယောက်​လုံးရဲ့ ဇနီး​တွေက မျက်​ရည်​​လေးစမ်းစမ်းစမ်းစမ်းနဲ့မို့..ဖီးလ်​လို့​ကောင်းတုန်း..အချုပ်​ကား​ဆောင်း​ဘောက်​စ်​က​နေ ငါကဗိုလ်​​အောင်​ဒင်​...နင်​ကဒါကိုမမြင်​ ငာအသည်းကိုခလုတ်တိုက်သွားတယ်..မိန်းက​​လေးရယ်...မင်းမိုက်တယ်...ဒန့်တန့်တန့်​​​​​​​ ​​​​ဆိုတဲ့ ကိုမ​နောရဲ့ အသံကြီးက စီခနဲထွက်​လာတာ စဉ်းစားသာကြည့်​​ပေ​တော့။

ဒီ​တော့မှ ဗိုလ်​​အောင်​ဒင်​ရဲ့ အင်​ပါယာဟာ တို့ရပ်​ကွက်​ထိပ်​က အလှူခံ​လော်​က​နေ အချုပ်​ကား​ပေါ်အထိ အဆုံးမရှိကျယ်​ပြန့်​လှပါတကားလို့ သိလိုက်​ရ​​တော့တယ်​။

အဲ့သလိုနဲ့ ကိုမ​နောရဲ့ ဗိုလ်​​အောင်​ဒင်​တို့၊ ကြာဖြူ​ရေ ကြာဖြူ​ရေ တို့ကို နား​သောတဆင်​ရင်း အချုပ်​ကားကြီး​ပျော်​​ပျော်​စီးပြီး ​မောင်​ဗြိတို့ အင်းစိန်​​​ထောင်​ဘူးဝ ​ရောက်​ခဲ့​ပေသ​ပေါ့။

ထောင်​​ရောက်​ပြီဆို​တော့ ရဲစခန်းအချုပ်​မှာတုန်းက ကိုယ့်​ထက်​အရင်​​ထောင်​ထဲဝင်​ဘူးတဲ့ ဗကသ မချို တို့၊ တကသ​ကျောင်းသားပိုင်​ရဲသူ တို့ လာပြီးသင်​တန်းပို့ချသွားတဲ့ ​ထောင်​အဝင်​လက်​စွဲကို လက်​​တွေ့ကျင့်​သုံးမယ်​​ပေါ့။
သူတို့​ပြောသွားတာက ဒီလို။
"ကိုဗြိ ...ကိုယ်​က ရာဇဝတ်​အကျဉ်းသားမဟုတ်​ဘူး...​ထောင်​ဘူးဝ​ရောက်​ကတည်းက သူတို့ပုံစံထိုင်​ခိုင်းရင်​ ပုံစံမထိုင်​ပါနဲ့"တဲ့။
အေး​လကွယ်​။
ငါတို့သည်​ ရဲရဲ​တောက်​မာရ​တော့မည်​ပ။
ဒီနှယ့်​စိတ်​တင်းပြီး အချုပ်​ကား​ပေါ်က ဆင်းဖို့လုပ်​တယ်​။

အဲ့ဒီအချိန်​ ဗြုန်းဆို ဘယ့်​နှယ့်​ဖြစ်​တယ်မသိဘူး။
မောင်​ဗြိ ဘယ်​ဘက်​လက်​ကို ရဲသားကြီးတစ်​​ယောက်​က လက်​ထိပ်​​ကောက်​ခတ်​လိုက်​တာပဲ။
ကိုယ့်​ဆရာက ခတ်​ရင်​လည်း နှစ်​ဖက်​ခတ်​​တာမဟုတ်​ဘူး။
တစ်​ဖက်​တည်း။ လက်​ထိပ်​ဆိုတာကြီးက တစ်​​ယောက်​တည်းဆိုနှစ်​ဖက်​ခတ်​၊ အဲ တစ်​ဖက်​တည်းခတ်​မယ်​ဆိုလည်း နှစ်​​ယောက်​ပူးတွဲခတ်​မှ ကြည့်​​ကောင်းတာကလား။

အခုဟာက တစ်​ဖက်​တည်းခတ်​ပြီး ကျန်​တဲ့တစ်​ဖက်​က ထိုးထိုး​ထောင်​​ထောင်​ကြီးဆို​တော့ စတိုင်​လ်​ပဲ့ပဲ့ကြီးနဲ့ ကြည့်​မ​ကောင်းဘူးလို့ ​မောင်​ဗြိ​တော့ထင်​သဗျ။

အချုပ်​ကား​အောက်​​ရောက်​ပြီး လက်ထိပ်တစ်ဖက်ပဲ့ကြီးနဲ့ ​​​​​ပေ​ကြောင်​​ကြောင်​ရပ်​​နေတုန်း ခုန ကား​ပေါ်မှာ လက်​ထိပ်​ခတ်​သွားတဲ့ ဦးရဲကြီးက ​ပြေးလာတယ်​။
ပြီး​တော့ "ခင်​ဗျားက...The Voiceအမှုတွဲလား...​ဆောရီးဗျာ..ကျွန်​​တော်​က ဘိန်းစားတန်း​​က ဖုန်း သူခိုးလက်​ခံအမှုက အီစမိုင်​တို့အုပ်​စုနဲ့​ရောသွားလို့..အချုပ်​ကားကလည်း သုံးမြို့နယ်​​ရောတင်​​ပေးလိုက်​​တော့..ခက်​သဗျာ"ဆိုပြီး လက်​ထိပ်​လာဖြုတ်​​ပေး​လေရဲ့။
ဒါပဲဗျ။
ဥပဓိရုပ်​က ​​ထောင်​ဗူးဝ​ရောက်​မှ စကား​ပြောတယ်​ဆိုတာ။

ခဏ​နေ​တော့ ကို​ကျော်​မင်း​ဆွေလည်း ​ကျွန်​​တော့်
ဘေး​ရောက်​လာပါပြီ။
ရှေ့က အချုပ်​သား​တွေက ပုံစံထိုင်​ကြလို့။
ကို​ကျော်​မင်း​ဆွေနဲ့ ကျွန်​​တော်​ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​လိုက်​တယ်​။
ဘယ်​ရမလဲ...မထိုင်​ဘူးကွာ..တိုက်​ပွဲစမယ်​​ပေါ့။
ရင်​ကို​ကော့ပြီးမတ်​တပ်​ရပ်​​နေလိုက်​တယ်​။
အလို​လေး...​ပုံစံထိုင်​​နေတဲ့လူအုပ်​ကြီး​နောက်​မှာ မားမားကြီးရပ်​​နေတဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို ​ထောင်​ဝန်​ထမ်း​တွေက ဖုတ်​​လေသည့်​ ငပိ ရှိတယ်​လို့​တောင်​မထင်​ဘူး။

ဟယ်​..ဒါ လူမြင်​ကွင်းဘူးဝ​ရှေ့မို့​နေမှာ..အထဲ​ရောက်​ရင်​​တော့ ငါတို့ကို ပုံစံထိုင်​ခိုင်းမှာပဲဆိုပြီး ကျွန်​​တော်​လည်း ကို​ကျော်​မင်း​ဆွေ​ဘေး ပိုကပ်​ထားလိုက်​တယ်​။
နို့မို့...အထဲ​ရောက်​လို့ မထိုင်​ရင်​ ဘိန်းစားတန်းက အီစမိုင်​နဲ့ ထပ်​မှားပြီး အ​ဆော်​ခံ​နေရ မ​ချောင်​ဘူး​လေ။
ကို​ကျော်​မင်း​ဆွေက​တော့ မြင်​တာနဲ့ ဒါ စာနယ်​ဇင်းအယ်​ဒီတာပဲလို့ အလွယ်​သိနိုင်​တဲ့ ဥပဓိရုပ်​ပိုင်​ရှင်​ကိုး။[ဟယ်​..ဖားတယ်​ပဲ ထင်​ထင်​ ကိုယ့်​လူ​တော့ကိုယ်​ဒီနှယ့်​​မြှောက်​​ပြောရတာပဲ....တတ်​နိုင်​ဘူး..ပြန်​ထွက်​လာမှ စာမူခ တိုး​ပေးချင်​လည်း တိုး​ပေးပါ​စေ​တော့..ငိ]

ကိုယ့်​မှာက ဥပဓိချို့ငဲ့​လေ​တော့ ကို​ကျော်​မင်း​ဆွေ ရုပ်​ခံ ထဲ ဝင်​ခိုလှုံရ​တော့တာ​ပေါ့။
ဘူးဝ ရုပ်​​တော့လည်း ​ရှေ့ကတည်းက ပုံစံမထိုင်​ဘူးဟဲ့လို့ အားတင်းထားတဲ့ ရဲရဲ​တောက်​ကြီးနှစ်​​ယောက်​ဟာ မတ်​မတ်​ကြီးပါပဲ။
ကဲ..​ထောင်​ပရဝဏ်​ထဲ​တော့​ရောက်​ပြီ...ပုံစံမထိုင်​တဲ့ငါတို့ကို ဘာ​ပြောမလဲ​ပေါ့။
မကြာပါဘူး ...အချုပ်​သားအဝင်​စစ်​​နေတဲ့ တပ်​ကြပ်​ကြီးဆီက အသံထွက်​လာတယ်​။
"မတ်​တပ်​ရပ်​မယ့်​ဆရာ​တွေက..​ဘေးနားနည်းနည်းကပ်​ကြဗျာ"တဲ့။

ပုံစံမထိုင်​ဘူးလား ဘာလားဆို ကျွန်​​တော်​တို့ဟာ ရာဇဝတ်​အကျဉ်းသားမဟုတ်​ဘာညာ ​ပြောမယ်​ပြင်​ထားတာ​လေး​တွေ ​တောင်​ ဘယ်​​နား​ရောက်​သွားမှန်းမသိဘူး။

လူစစ်​တာ​တော်​​တော်​ကြာပါတယ်​။
မတ်​တပ်​ရပ်​မယ့်​ ရဲရဲ​တောက်​နှစ်​​ယောက်​လည်း ​ခြေသလုံး​တွေ​တောင့်​လို့ ​တော်​​တော်​​ညောင်း​နေပါပြီ။
အချုပ်​ရုံး​ရှေ့ကို ​ရောက်​​တော့...ပို့မယ်​အ​ဆောင်​ခွဲပါတယ်​။
အဲ့ဒီ​ရောက်​​တော့ ဝန်​ထမ်းအရာရှိတစ်​​ယောက်​က...ပုံစံထိုင်​ကြ ဆို​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​မှာ မတိုင်​ပင်​ထားပဲ ဝမ်းသာအားရထိုင်​ချလိုက်​ပါတယ်​။
အား..အရသာရှိလိုက်​တာဗျာ။

"ဟာ..အကိုတို့ သတင်းစာကလူ​တွေမှတ်​လား..မထိုင်​ပါနဲ့..မထိုင်​ပါနဲ့..ရပါတယ်​...ရပ်​​နေပါ...သက်​သက်​သာသာ​ပေါ့"
ရုံးခန်းထဲကထွက်​လာတဲ့ ​အရာရှိတစ်​​ယောက်​က အားနာပါးနာလာ​ပြော​တော့ ကျွန်​​တော်​တို့ မှာ အီလည်​လည်​နဲ့ မတ်​တပ်​ပြန်​ရပ်​ရပြန်​​ရော။

ကိုယ့်​ဘာသာလည်း စိတ်​ထဲက ​ပြောမိတယ်​။
"ဟဲ့..ရဲရဲ​တောက်​ငဗြိ...မထိုင်​ချင်​ဦးဟဲ့...မထိုင်​ချင်​တဲ့အ​ကောင်​..အခု..မတ်​တပ်​သာရပ်​​ပေ​တော့"လို့်​။

ကိုယ့်​အတတ်​ကိုယ်​ဆူးဆိုတာ အဲ့သဟာ​ပြောတာဗျ။
ဒါ​ပေမယ့်​..မကြာပါဘူး...​ဝန်​ထမ်းအကိုတစ်​​ယောက်​က အချုပ်​ရုံးထဲ​ခေါ်ပြီး ထိုင်​ခုံနှစ်​ခုံချ​ပေးပါတယ်​။
အလို​လေး....ထိုင်​လို့​ကောင်းလိုက်​တဲ့ဖြစ်​ခြင်း။

ထိုင်​ခုံ ဆိုတာမျိုးများ...တယ်​ထူးဆန်းတာပဲ။
ဒီလို ပူမှုဆယ်​ကု​ဋေ​ပွေလီ​နေတဲ့ ​ထောင်​ထဲ​ရောက်​ခါနီး​တောင်​ ထိုင်​ခုံမှာ ထိုင်​လိုက်​ရတဲ့အခါ ဘဝ​မေ့သွားမ​လောက်​ အရသာရှိသဗျ။
ထိုင်​​ခုံ​ပေါ်​ရောက်​တာနဲ့ ​အောက်​ကလူ​တွေထက်​ ကိုယ်​ဟာ ပိုအနစ်​နာခံခဲ့သူ သူရဲ​ကောင်းကြီးလိုလို၊ ဂုဏ်​ပြုထိုက်​သူကြီးလိုလို၊ ​အောက်​ကလူ​တွေရဲ့ ကယ်​တင်​ရှင်​ကြီးလိုလို ​ဖီလင်​ရသွား​တော့တာပဲ။
ထိုင်​ခုံဖီလင်​ကလည်း ကြာကြာမခံပါဘူး​လေ။
ခဏ​နေ​တော့လည်း ကိုယ်​က အကျဉ်းသားက အကျဉ်းသားပါပဲ။
တစ်​တိုက်​လို့​ခေါ်တဲ့ ဆယ်​​ပေပတ်​လည်​အခန်းထဲ​အောင်း​ပေါ့။
အင်းစိန်​ထဲက ရက်​​တွေမှာ​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​ဟာ မနက်​ဆို သတင်းစာဖတ်​ကြ၊ အမှုကိစ္စ​ဆွေး​နွေးကြ၊သတင်း​တွေအ​ကြောင်း​ပြောကြ၊စားကြ၊အိပ်​ကြ၊စာဖတ်​ကြ..ဒါပါပဲ။
တကယ်​ဆို ဒီတစ်​တိုက်​ဟာ အန်​ကယ်​လ်​ဦးဝင်းတင်​တို့၊ ကိုမင်းကိုနိုင်​တို့လို့ ရဲရဲ​တောက်​နိုင်​ငံ​ရေးသမားကြီး​တွေ ဆယ်​စုနှစ်​များစွာ ကွန်းခိုခဲ့ရာ။
အဲ့ဒီမှာမှ ပုံစံမထိုင်​ခဲ့ရလို့ ​ခြေသလုံး​တောင့်​လာတဲ့ ရဲရဲ​တောင့်ေ​မာင်​ဗြိဟာ ခုနှစ်​ရက်​​လောက်​​လေးနားခိုရတာကို...မာန်​က တက်​ချင်​​နေပြီ။
ကိုယ့်​ကိုကိုယ်​ ​ဝါရင့်​နိုင်​ငံ​ရေးသမားဂိုက်​ကြီးက ဖမ်းချင်​​နေပြီ။
မင်းတို့အတွက်​ ငါက ​ထောင်​ထဲဝင်​​ပေးရတာကွ ဆိုပြီး ​လေသံမာမာနဲ့ သြဝါဒက ​ခြွေချင်​​နေပြီ။
ခက်​တာက...ကိုယ်​က သ​ရော်​စာ​ရေးပြီး ဝင်​လာရတာ။
ထောင်​ထဲသာ ဝင်​လာရတာ ကိုယ်​က စာ​ပေ​လောကမှာ ဘာသြဇာမှ မရှိ ဖုန်မထတဲ့ ​ခွေး​လှေးကြမ်းပိုးအဆင့် ​စာ​ရေးဆရာ​ပုလု​ကွေး​ငတိ။
[​ဆရာသခင်​​အချို့ .​ထောပနာမ​ပေးခင်​..ကိုယ့်​ဘာသာကိုယ်​ကြိုနှိမ်​ထားလိုက်​တာ..ဒီထက်​ နာတဲ့ဇာတ်​ရှိဦးမလားဟဲ့]
ဒီလို ကိုယ်​​မွှေးတဲ့
ကိုယ့်​​ပြသနာထဲ ကြား​ချောင်​ အယ်​ဒီတာချုပ်​ပါ အစစ်​လိုက်​လာရ​သေး။
ကိုယ်​မိန့်​ခွန်း​ခြွေဖို့ကြည့်​​တော့ တိုက်​ထဲမှာ လူက သုံး​ယောက်​ပဲရှိတာ။
ဟိုဘက်​မှာကလည်း ​သေဒဏ်​ကျထားတဲ့ ဖထီးတို့လူကြီး​တွေဆို​တော့ ဒါလည်းမဖြစ်​​သေး။
ဟယ်​...မထူးပါဘူးဆိုပြီး မနက်ခင်း တိုက်​​ရှေ့က သရက်​ပင်​​ပေါ်လာလာနားတဲ့ ကျီးကန်းတသိုက်​ကိုပဲ သြဝါဒ​ချွေမယ်​လို့ ဆုံးဖြတ်​လိုက်​တယ်​။
မနက်​ထမင်းစားပြီးတာနဲ့ ကျန်​တဲ့ထမင်းဟင်း​ကို..တိုက်​​ရှေ့မှာ ပုံလိုက်​တယ်​။
အဲ့ဒီမှာ အစာနံ့ရတဲ့ ကျီး​တွေ အုံလာတာနဲ့...
"ဟယ်​...ကျီးသူလူထုအ​ပေါင်းတို့...မင်းတို့ အခုလို လွတ်​လပ်​စွာနဲ့ ထမင်းကျန်​ဟင်းကျန်​ စားရတာဟာ ငါ ​အနစ်​နာခံပြီး ​ထောင်​ထဲကို ဝင်​လာလို့ဖြစ်​တယ်​...ငါ့ရဲ့ အနစ်​နာခံမှု​တွေအတွက်​ ​မောင်​ကျီးတို့...မယ်​ကျီးတို့ ဟာ....ငါ့​ကျေးဇူးသိတတ်​ကြ​လော့"

ဘယ့်​နှယ့်​ဗျာ။
ကယ်​တင်​ရှင်​​မောင်​ဗြိရဲ့ ​​ထောင်​ထွက်​မိန့်​ခွန်းမှ မဆုံး​သေး..ကျီး​တွေဟာ ဘယ့်​နှယ့်​ထင်​တယ်​မသိဘူး။
ဒီအသားမဲမဲ ဗိုက်​ပူပူငတိဟာ ထမင်းကျန်​ဟင်းကျန်​​လောက်​​ကျွေးပြီး ငါတို့ကို နားလာငြီးတယ်​လို့မှတ်​ပြီး တအအ နဲ့ ​ဝေဖန်​​ရေးလုပ်​ ဝိုင်းအာ လိုက်​ကြတာဗျာ။
ကျွန်​​တော့်​မှာ တ​နေကုန်​နားကိုညည်း​ရော။
အောင်​မယ်​...ညပိုင်းကျမှ ကျီးကန်းသံ​တွေ တိတ်​ပြီး....ဖား​အော်​သံ အုံးဂွမ်​...အုံးဂွမ်​​လေး​တွေ ကြားမှ နားဝင်​ချို​တော့တယ်​။
ဒါပါပဲ..​​မောင်​ဗြိဆိုတဲ့ ကျွန်​​တော်​ဟာ အသက်​ ၃၀ ထဲဝင်​ပြီဆို​တော့ လူကြီးတပိုင်းဖြစ်​လာပြီ​ပေါ့ဗျာ။
လူကြီးဖြစ်​ပြီ​ဟေ့ဆိုကတည်းက...ကျီးကန်းသံလို ​ဝေဖန်​တာ​တွေ စိတ်​နဲ့ သိပ်​မ​တွေ့​တော့ဘူး။
ဖားသံ​လေး​တွေပဲ နားဝင်​ချို​တော့တာကလား။
အိမ်း.....
ထောင်​ထဲက ခုနှစ်​ရက်​မှာ ကျွန်​​တော်​ဟာ ဒီလို ​ပေါ​ကြောင်​​ကြောင်​​တွေ ​နေရင်း...အခု​တော့..ပြန်​ထွက်​လာရပြီ​ပေါ့။
အခုက တရားစွဲဆိုရန်​မသင့်​ဆို​တော့ ကိုယ်​ဟာ ဘာမှမဟုတ်​ပဲ ​ထောင်​ထဲမှာ ထမင်းနဲ့ပဲဟင်းလာညာစားသလိုကြီးဖြစ်​​နေတယ်​မဟုတ်​လား။
ငဗြိနှယ့်​...​ထောင်​ကျတာ ​ပျော်​​နေလားဆို...​ထောင်​ပဲဗျာ....အချုပ်​အ​နှောင်​ခံရပြီဆိုမှ ဘယ်​သူက ​ပျော်​မတုန်း။
ဒါ​ပေမယ့်​လည်း ​ပျော်​စရာ​လေး​တော့ ကြံဖန်​​တွေးရ ​ရေးရတာပဲ။
အထဲမှာလည်း ကျွန်​​တော့်​ရဲ့ အကိုလို၊ ဆရာလို ခင်​မင်​​​လေးစားရတဲ့ ကို​ကျော်​မင်း​ဆွေ ကျန်​ရစ်​​သေးတယ်​။
ဒီစာ​လေးကိုဖတ်​မိတဲ့အခါ ကျွန်​​တော့်​အကို ကို​ကျော်​မင်း​ဆွေဟာ တချက်​​လေးဖြစ်​ဖြစ်​ ပြုံးသွားဖြစ်​တယ်​ဆို...ကျွန်​​တော်​​မောင်​ဗြိ...စာ​ပေ​လောကကြီးထဲ သြဇာကြီးမားစွင့်​ကားလှတဲ့ ဧရာမစာ​ရေးဆရာကြီးမဖြစ်​ရင်​​နေပါ​စေ။
အင်းစိန်​တစ်​တိုက်​ထဲ ကျန်​ရစ်​တဲ့
ကိုယ့်​ရဲ​ဘော်​ရဲဘက်​အကို့အတွက်​ အပြုံး​လေးတချက်​ဖန်​တီး​ပေးနိုင်​တယ်​ဆို....​ကျေနပ်​လှပါပြီ။
အကို...ပြုံးနိုင်​ပါ​စေ။

ဘာပဲဖြစ်​ဖြစ်​...ဗြိပြန်​လာပါပြီ။

ဗြိတိသျှကိုကို​မောင်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.