ဘင်္ဂလာဒေ့ရှ်တွင် RPG နောက်ပွင့်လောင်ချာနှစ်လက် အပါအ၀င် ခေတ်မီ လက်နက်အများအပြားဖမ်းမိ


နိရဉ္စရာ၊ ဇွန် ၃

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် RPG နောက်ပွင့် လောင်ချာ ၂ လက်၊ AK 47 အပါအ၀င် တရုတ်လုပ် ဆီးမီးရိုင်ဖယ် ၆၁ လက်၊ ပစ္စတို ၅ လက်တို့ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းလက်နက်များကို ဒက္ကားမြို့ အနောက်တောင်ဘက် Narayanganj ခရိုင် Rupganj ရှိ ရေမြောင်း တစ်ခုမှ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့မှ မည်သည့် အဖွဲ့အစည်းမှ ပိုင်ဆိုင်သော လက်နက်များ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း လွန်ခဲ့သောနှစ် ဇွန် ၁၈ ရက်နေ့က ဥတ္တရာမြို့တော် ဒိုင်ယာဘာရီ ဖမ်းမိခဲ့သည့် လက်နက်များနှင့် ဆင်တူသည်ဟု ပြောဆိုသည်။

ရရှိသည့် လက်နက်များထဲတွင် RPG နောက်ပွင့် လောင်ချာ ၂ လက်၊ AK 47 တရုတ်လုပ် ဆီးမီးရိုင်ဖယ် ၆၁ လက်၊ ပစ္စတို ၅ အပါအ၀င် သေနတ်ကျည်အိမ် ၄၄ ခု၊ ၇ ဒသမ ၆၂ ပစ္စတိုကျည်ဘောက် ၅ ခု၊ တင့်ကားပစ် အမြောက်ကျည် ၅၈ ခု အပါအ၀င် ပစ္စည်းအများအပြားကို သိမ်းဆည်းမိသည်ဟု သိရသည်။

၎င်းသေနတ်များနှင့် ပတ်သက်ပြီး Sharif Mia ဆိုသူအား ဖမ်းဆီးထားသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.