သီချင်းတွေကို အွန်လိုင်းမဖွင့်ထားရင်တောင် နားထောင်နိုင်တဲ့ Spotify


ရန်ကုန်၊ ဇွန် ၂၁ - Spotify ဆိုတာကတော့ ဒစ်ဂျစ်တယ်ဂီတ စီးဆင်းမှုတွေကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ အဲသည်မှာ သန်းနဲ့ချီရှိတဲ့သီချင်းတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့အဆိုတော် အနုပညာရှင်တွေရဲ့ ဗီဒီယိုပို့စ်ကတ် တွေကိုပါကြည့်နိုင်မှာဖြစ်တယ်။

Spotify က အီးမေးလ်လိပ်စာနဲ့ ဖေ့စ်ဘုတ်ခ်ကိုချိတ်ဆက်ပြီး အကောင့်ဖွင့် အသုံးပြုရတာဖြစ်တယ်။ယူကျူ့လိုပုံစံဖြစ်ကာ အနုပညာရှင်တွေကိုလည်း subscription လုပ်ထားလို့ရပါတယ်။
Spotify ကို အသုံးပြုမယ်ဆိုရင် Spotify ရဲ့ဝက်ဘ်ဆိုက်ထဲဝင်ပြီး sign-up လုပ်ပါ။ ဖေ့စ်ဘုတ်ခ်အကောင့်နဲ့ချိတ်ဆက်ပါ။ မရှိရင်တော့ အီးမေးလ်နဲ့ချိတ်ဆက်ပါ။ ဝင်ပြီးတာနဲ့သီချင်းတွေကို ကြိုက်သလို share နိုင်သလိုနားထောင်နိုင်မှာဖြစ်ပါတယ်။

ပြီးရင် subscription level ကိုရွေးချယ်ပါ။ Spotify အပလီကေးရှင်း ကို ဒေါင်းလုပ်ဒ်ဆွဲပြီး အင်စတောလ်လုပ်ပါ။ အခမဲ့အက်ပ်ဖြစ်တာ ကြောင့် ငွေပေးချေဖို့မလိုပါဘူး။ သည် Spotify က အိုင်ဖုန်း၊ အိုင်ပတ် အပြင် အန်းဒရွိုက်ဖုန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ မိမိအကောင့်ထဲ sign up လုပ်ပြီး ဝင်လိုက်တာနဲ့ သီချင်းတွေ နားထောင်နိုင်ပါပြီ။

အဲသည်က သီချင်းတွေကို offline ဖြစ်နေရင်တောင် နားထောင်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် Spotify Premium မှာ သုံးစွဲသူတွေအနေနဲ့ သီချင်းပေါင်း ၃၃၃၃ ပုဒ်ကို အွန်လိုင်းမဖွင့်ထားဘဲ အကောင့်ရှိရုံနဲ့ စမတ်ဖုန်း၊ လက်ပ်တော့၊ အိုင်ပတ်စတဲ့ device သုံးခုနဲ့တစ်ပြိုင်တည်းနား ထောင်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီး Spotify က ဒေတာဘီလ်စား သက်သာစေပါတယ်။ သီချင်းတွေ normal quality နဲ့ဆိုရင် ၂၄ နာရီလုံးဆက်တိုက် အသုံးပြုရင် 1GB ပဲ ကျသင့်မှာဖြစ်ပြီး hight quality နဲ့ ဆိုရင်တော့ ၁၅ နာရီကို 1GB ကျသင့်မှာဖြစ်ပါတယ်။Spotify ကနေ friend တွေကိုလည်းရှာဖွေနိုင်ပြီး follow လုပ်နိုင် ပါတယ်။ ဆိုရှယ်မီဒီယာအကောင့်တွေလိုပဲ နာမည်ကြီးအဆိုတော် တွေနဲ့အကောင့်သုံးစွဲသူတွေအချင်းချင်း follow လုပ်နိုင်ပါတယ်။

Author – မေဘယ်လ်
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.