The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအမှုတရားရုံးပြောင်းစစ်ဆေးဖို့ ပြင်ဆင်နေ


ရန်ကုန်။ ဇွန် ၁၇ – ဗဟန်းမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲ ဆိုခြင်းခံထားရတဲ့ The Voice နေ့စဉ်ထုတ် သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့ အမှုကို တရားရုံးပြောင်းရွှေ့စစ်ဆေးပေးဖို့ပြင်ဆင်နေတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောပါတယ်။

ဗဟန်းမြို့နယ် တရားရုံး တရားသူကြီး ရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို ယုံကြည်မှုမရှိတာကြောင့် တရားရုံးပြောင်းရွေ့စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဦးခင်မောင်မြင့် ကပြောပါတယ်။ ဗဟန်းမြို့နယ် တရားရုံးမှာ အာမခံပေးဖို့ လျှောက်ထားချက်မှာ ဆေးစာကို ထည့်သွင်းလျှော က်ထားခဲ့ပေမယ့်လည်း အစိုးရဆေးရုံက ဆေးစာမဟုတ်ဘူးဆိုပြီး ငြင်းပယ်ခဲ့ရတယ်လို့ သိရပါတယ်။ “ ဒီအမှုက ထောင်ဒဏ် သုံးနှစ်ချမှတ်နိုင်တဲ့ အမှုဖြစ်တယ်။ ဆေးစာကလည်း ပြင်ပဆေးစာဖြစ်တယ်။

နောက်ဆုံး တစ်ချက်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေ တစ်ယောက်မှ စစ်ဆေးရခြင်း မရှိသေးတဲ့အတွက် ပယ်တယ်”လို့ တရားသူကြီး ဒေါ်သရဖီအောင်က ဆုံးဖြတ်ချက်ချခဲ့ကြောင်း ရှေ့နေ ဦးမျိုးသိမ်းကမီဒီယာတွေကိုပြန်ပြောပြပါတယ်။

ဦးကျော်မင်းဆွေရဲ့ အမှုဟာ အာမခံပေးရမယ့် အခွင့်အရေးဟာ ဥပဒေနဲ့ ညီညွှတ်တဲ့အခွင့်အရေးဖြစ်တယ်လို့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က မှတ်ချက်ချပါတယ်။ “ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။ ကျနော်တို့ လျောက်လွှဲချက်တွေကို ပြည်စုံစွာ မသုံးသပ်တဲ့ အတွက် မပေးချင်လို့ မပေးတာပဲလို့ ယူဆပါတယ်” လို့ အယ်ဒီတာချုပ် ဦးကျော်မင်းကို ဆွေကို ဇွန်လ ၁၆ရက်နေ့ ကတရားရုံးထုတ်အပြီး The Voice ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်မောင်မြင့်ကပြောပါတယ်။ ကျည်ထောင်စုသစ္စာ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကတော့ ဂျာနယ်အတွက်သာရေးသားခဲ့ပြီး အွန်လိုင်းမှာတင်ခဲ့တာဟာအယ်ဒီတာ ရဲ့ဆုံးဖြတ်ချက်ကြောင့်သာဖြစ်တယ်ဆိုတဲ့ ထွက်ဆိုချက်ကြောင့် အမှုမဆင်နိုင်ပဲ အမှုမှာမပါဝင်ဘူးဆိုတာ မနေ့ကရုံးချိန်းမှာ လွှတ်ပေးခဲ့ပါတယ်။

“ ကိုကျော်မင်းဆွေဟာ အမှန်တကယ် ကျန်းမာရေးသိပ်မကောင်းဘူး”လို့ ဗြိတိသျှကိုကိုမောင်က ရွှေဂုံတိုင် ဂုံးတံတားအောက်မှာ မီဒီယာတွေကို ပြောသွားပါတယ်။ The Voice သတင်းစာတိုက်အနေနဲ့ကတော့ မီဒီယာတွေကို ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲလို့ မရဘူးဆိုတာ သိအောင်လုပ်သွားမယ်လို့ သိရပါတယ်။ အမှုနဲ့ပတ်သတ်ပြီး ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်ဆီကို တရားဝင် ပေးပို့ အကြောင်းကြားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ လာမယ့်အပတ် ရုံးချိန်းမှာ တရားလိုပြ သက်သေ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း သတင်းမီဒီယာ သမားများကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုတာတွေ များပြားလာတဲ့အတွက် သတင်းထောက်များက လက်ပတ်ဖြူလှုပ်ရှားမှုများပြုလုပ်ပြီး သတင်းလွတ်လပ်ခွင့်အတွက်တောင်းဆိုနေကြပါတယ်။

Author ဇော်မင်းသူ
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.