The Voice အမှု အာမခံ ထပ်မံပယ်ချခံရ


( The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဇွန်လ ၂၃ ရက်နေ့က အချုပ်ကားပေါ်မှာတွေ့ရစဉ် ) Photo: Thant Zin Oo/RFA
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဒီကနေ့ ဗဟန်းတရားရုံးက လေးကြိမ်မြောက် ထပ်မခံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်တင်မှုကိုလည်း ပယ်ချလိုက်ပါတယ်။

အာမခံထပ်မံပယ်ချခံရမှုနဲ့ တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားမှုပယ်ချခံရမှုကိုတော့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် က အခုလို ပြောပါတယ်။

ဒီကနေ့ တတိယအကြိမ်ရုံးထုတ်မှာ တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်း လာရောက်အစစ်ဆေးခံခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက သူတို့ဘက်က တရားဥပေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အမှုစတင်ဖွင့်စဉ်က သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကိုပါ အမှုဖွင့်ခဲ့ပေမယ့် ဆောင်းပါရှင်ဟာ ရေးသားသူသာဖြစ်ပြီး အွန်လိုင်းစာမျက်နှာမှာ ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး တာဝန်မရှိဘူးလို့ ဆုံးဖြတ်ကာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို လာမယ့် ဇွန်လ ၃၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာလည်း အာမခံထပ်မံလျှောက်ထားမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.