VOA ဆုချီးမြင့်မယ့် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် စတင်


လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ ပဉ္စမ အကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုတော့ ၄ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကား ပြသမှာပါ။

ဒီ ၆၄ ကားထဲကနေ ဆု ၆ ဆု ရွေးချယ် ပေးအပ်မှာ ဖြစ်ပြီး VOA အမေရိကန် အသံကလည်း VOA ဆု အနေနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ VOA ဆု အပြင်ဒေါ်အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာ)၊ ဒေါ်အောင်ဆန်းစုကြည်ဆု (အမျိုးသား)၊ မင်းကိုနိုင်ဆု၊ ကျားမ အခွင့်အရေးတန်းတူညီဆု၊ ဟံသာတ၀တီ ဦးဝင်တင်ဆုတို့ကို ရွေးချယ် ပေးအပ်မှာပါ။

VOA ဆု ကိုတော့ ပြည်တွင်း မှတ်တမ်းရုပ်ရှင် ၂၅ ကားထဲကနေ ရွေးချယ်ပေးအပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မသန်စွမ်းတဦးနဲ့ မိသာစု ရုန်းကန်ရတဲ့ ဘ၀ အကြောင်းကို ဖော်ကျူးထားတဲ့ “ ရိုးမြေကျ” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားက VOA Award ကို ဆွတ်ခူးသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.