"၀" တောင်ပိုင်းတဆိပ် wy 999 အနီရောင် စိတ်ကြွဆေး လေးသန်းနှစ်သိန်းအား ချင်းရိုင် ခရိုင်အတွင်းဖမ်းဆီးရမိ


၁၀-၆-၂၀၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း တပ်မဟာ (၃) နယ်မြေ တပ်မှူး ထနာ ကြာရုဗက် Thana Charuvat, ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ ၉ရက်နေ့ ည ၇.၃၀ အချိန်မှာ ချင်းရိုင်ဒေသ ၀င်ကန် ခရိုင်အတွင်းမှာ မောင်းနှင်လာတဲ့ အဖြူရောင် တိုယိုတာကား တစီးပေါ်မှာ ဆာလာအိပ် ၁၆ ထုတ်နဲ့ ထည့်ထားတဲ့ wy ၉၉၉ တဆိပ်အနီရောင် ရာဘ စိတ်ကြွဆေး ၄၂၀၀၀၀၀ ကို ဖမ်းမိခဲ့တာလို့ သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


နယ်ခြားစောင့်တပ်နဲ့ မူးယစ်နိမ်နင်းရေးအဖွဲ့ ဟာ နယ်ခြားဝင်ပေါက်တွေမှာ ပိတ်ဆိုးရှာဖွေနေတာကို သိသွားခဲ့လို့ ကားမောင်းလာတဲ့သူကတော့ ကားကိုထားပြီးတောတွင်းကို ထွက်ပြေးသွားတယ်လို့  ဆိုပါတယ်။


ခုလို ထိုင်းမြောက်မှာ အများဆုံးဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးတွေဟာ ၀တောင်ပိုင်းဒေသထုတ် မူးယစ်ဆေးဝါးတွေဖြစ်တယ်၊ စိတ်ကြွဆေးတွေ သန်းရာနဲ့ ချီပြီး နယ်စပ်လမ်းကြောင်းတွေကနေ သယ်လာမယ့် သတင်းတွေကို ကြိုတင်ရရှိထားပြီး လမ်းကြောင်းတွေ အားလုံးပိတ်ဆို့  စောင့်ကြည့်နေတယ်လို့ အမှတ်သုံး တပျမှူးထနာက ထုတ်ဖေါ်ပြောကြားသွားပါတယ်။

SAW
bangkokbiznews
Social Action for Children and Women - SAW
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.