၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY ဆေးပြားတွေ စစ်တွေမှာ ဖမ်းမိ



ပုဏ္ဏားကျွန်းကနေ မောင်တောနယ်စပ်ကိုပို့ဆောင်မယ့် WY ၃၄ သိန်းကျော်ကို စစ်တွေမြို့ နယ်မှာ မနေ့ ဇွန်လ ၁၁ ရက်နေ့ က ဖမ်းဆီးရမိခဲ့စဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြားအရေအ တွက် ၃၄ သိန်းကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့ကနေ မောင်တောနယ်စပ်ကိုပို့ဆောင်ဖို့အတွက် ကားနဲ့သယ်ယူရာမှာ စစ်တွေမြို့နယ် ရေချမ်းပြင် ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

ရေချမ်းပြင်ဆိပ်ကမ်းကနေ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်း၊ အဲဒီကနေတစ်ဆင့် ကုန်းလမ်းခရီး နဲ့ မောင်တောမြို့နယ်ကို ပို့ဆောင်ဖို့ ပြင်ဆင်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ပိုင်ရှင်ဖြစ်သူက ပုဏ္ဏားကျွန်း မြို့မှာနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လိုက်လံစုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

WY မူးယစ်ဆေးပြားတွေဟာ မြန်မာပြည်အလယ်ပိုင်းကနေ ကုန်းလမ်းရေလမ်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ် ထဲကို ရောက်ရှိလာကြတာဖြစ်ပြီး ရခိုင်ပြည်နယ်ကတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အဓိကပို့ဆောင် တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.