Y-8 လေယာဉ်ပျက်မှုကနေ ရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိထား

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက်နေ့က သယ်ဆောင်လာစဉ်
  လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက်နေ့က သယ်ဆောင်လာစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက ဒီနေ့အထိ ရုပ်အလောင်း ၈၆လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မနေ့ကအထိ ရုပ်အလောင်း ၈၃ လောင်းကို ရှာဖွေတွေ့ရှိထားတာဖြစ်ပြီး ဒီနေ့ မနက်က မောင်းမကန်- မရင်းကြီး ကမ်းခြေတစ်လျှောက်မှာ ရှာဖွေရေးလုပ်နေတဲ့အဖွဲ့တွေက နောက်ထပ် ရုပ်အလောင်း ၃လောင်းကို တွေ့ရှိတာဖြစ် တယ်လို့ သိရပါတယ်။

Y-8 လေယာဉ်ပျက်ကျမှုမှာ ပါဝင်သွားတဲ့ လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ပေးအပ်ဖို့ မနေ့ကအထိ ရရှိထားတဲ့ အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့ လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ပိုင်း ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.