ပျက်ကျ Y-8 လေယာဉ်မှ အမျိုးသား ရုပ်အလောင်း ၁ လောင်း ထပ်မံဆယ်ယူရရှိ


နေပြည်တော်၊ ဇွန် ၁၀

ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် တပ်မတော်စစ်ရေယာဉ်မှ အမျိုးသား ရုပ်အလောင်း ၁ လောင်း ထပ်မံဆယ်ယူရရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်း ရုပ်အလောင်း ၃၃ လောင်း ဆယ်ယူရရှိခဲ့ပြီးဖြစ်သည်။

ပင်လယ်ပြင်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာတစ်ဝိုက်တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရာသီဥတုဆိုးရွားနေပြီး လှိုင်းအမြင့် ၉ ပေခန့်နှင့် လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၂၀ အတွင်းရှိနေ၍ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများအနေဖြင့် ရာသီဥတု ကောင်းမွန်သည်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.