Y-8 လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၄ ဦးရဲ့ရုပ်အလောင်းကို ထပ်မံတွေ့ရှိ



လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၁၂ ရက်နေ့က ထပ်မံရှာဖွေတွေ့ရှိစဉ်။ Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွား သူတွေကို ရှာဖွေကယ်ဆယ်နေတဲ့ အဖွဲ့တွေက ဒီကနေ့ ရုပ်အလောင်း ၂၄ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံဘုတ်ကျွန်း၊ မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြေပြင်တပ်တွေ နဲ့ ဒေသခံတွေက ဒီနေ့ညနေ ၄ နာရီ ခွဲကျော်အထိ ရှာဖွေတွေ့ရှိထားချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာ တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအ၀င် စုစုပေါင်း ၁၂၂ ယောက် လိုက်ပါသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ၈၃ ဦးရဲ့ ရုပ်အလောင်း ကို တွေ့ရှိထားတာဖြစ်ပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက်ပိုင်းမှာ ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.