Y-8 လေယာဉ် အစိတ်အပိုင်းအချို့ ဆယ်ယူနိုင်


နေပြည်တော်၊ ဇွန် ၁၈

ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ဇွန်လ ၁၈ ရက်နေ့  ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်သို့တင်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.