Y-8 လေယာဉ် ပျက်ကျမှုဖြစ်စဉ်မှ ယနေ့အချိန်ထိ သေဆုံးရုပ်အလောင်းပေါင်း ၄၂ လောင်းအား ရှာဖွေပြီးဖြစ်


ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် တပ်မတော် (လေ) ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျခဲ့သည့်ဖြစ်စဉ်တွင် ရုပ်အလောင်းများကို ရှာဖွေဆယ်ယူလျက်ရှိရာ လက်ရှိအချိန်တွင် ရုပ်အလောင်းပေါင်း ၄၂ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှ သေဆုံးရုပ်အလောင်းများအား ရှာဖွေဆယ်ယူလျက်ရှိရာ ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်ပိုင်းတွင် လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ ရာသီဥတုကောင်းမွန်လာသည့်အတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်းစက်လှေများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လောင်းလုံဘုတ်ကျွန်းအနီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ဒေသခံ ငါးဖမ်းစက်လှေများမှ အမျိုးသားရုပ်အလောင်း သုံးလောင်းနှင့် အတည်ပြုဆဲ အလောင်း တစ်လောင်း၊ လောင်းလုံဘုတ်ကျွန်းအနီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ်တစ်စီးမှ
နံနက် ၁၀ နာရီခွဲ့တွင် အမျိုးသားရုပ်အလောင်း တစ်လောင်း၊ ၉ နာရီခွဲခန့်တွင် အမျိုးသားရုပ်အလောင်း တစ်လောင်း၊ နံနက်ပိုင်း ၇ နာရီနှင့် ၈ နာရီကြားတွင် မောင်းမကန်ကမ်းခြေ၊ မရင်းကြီးကျေးရွာအနီး၌ အမျိုးသားရုပ်အလောင်း သုံးလောင်း ရှာဖွေဆယ်ယူ ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများကို မီသဂြိုင်္လ်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် တပ်မတော်သား နှစ်ဦး၏ ရုပ်အလောင်းများကို ထားဝယ်မြို့ ဇဟာသုဿန်၌ မီးရှို့သဂြိင်္ုလ်ခဲ့ကြောင်း သိရသည်။

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.