Y-8 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၂၆ ဦး အလောင်းကို ရှာဖွေတွေ့ရှိ



( လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၁၁ ရက်နေ့က ထပ်မံရှာဖွေတွေ့ရှိစဉ် ) Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook
ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွားသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဟာ ဒီကနေ့မှာ အလောင်း ၂၆ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံဘုတ်ကျွန်း၊ မရင်းကြီးကျေးရွာနဲ့ စန်းလန်းကျေးရွာတွေအနီးမှာ ဒီကနေ့မနက် ၇ နာရီကနေ နေ့လည် ၂ နာရီဝန်းကျင်အတွင်း အလောင်း ၁၃ လောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ အမျိုးသမီးအလောင်း ၂ လောင်း၊ အမျိုးသား အလောင်း ၂၂ လောင်း၊ ကလေး အလောင်း ၁ လောင်းနဲ့ အတည်ပြုဆဲ အလောင်း ၁ လောင်းရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

အဲဒီအထဲက တပ်မတော်သား ၂ ဦးရဲ့အလောင်းတွေကို ဒီကနေ့ မနက်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။

လက်ရှိအချိန်အထိ ပျက်ကျတဲ့ လေယာဉ်မှာ ပါသွားသူတွေရဲ့ ရုပ်အလောင်း ၅၉ လောင်းကို တွေ့ရှိထားတာဖြစ်ပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာ မှာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက်ပိုင်းမှာ ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာ တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအ၀င် စုစုပေါင်း ၁၂၂ ယောက် လိုက်ပါသွားတာဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ပါဝင်သွားသူတွေကို လေတပ် ၊ ရေတပ်နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.