နိုင်ငံတော် အတိုင်ပင်ခံ ရန်ကုန်တက္ကသိုလ်ကို သွားရောက်



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၂ဝ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကို သွားရောက်စဉ်။ Photo: Htet Arkar/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ကို သွားရောက် ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့အတူ ရန်ကုန်တက္ကသိုလ်က ပါမောက္ခချုပ်အပါဝင် တက္ကသိုလ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စာကြည့်တိုက်တွေ ထူထောင်ဖို့နဲ့ စာကြည့်တိုက်ကိုသွားတဲ့ အလေ့အထကို ထူထောင်ဖို့ ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ အစည်းအဝေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အစည်းအဝေး ပြီးဆုံးချိန်မှာ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်အပြင် မှာ စောင့်ဆိုင်းနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို စာဖတ်ကြဖို့ ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.