ကွန်ပျူတာထဲမှာ  သိမ်းထားတဲ့ စနစ်အားလုံးကို ဂူးဂဲလ်ရဲ့ကလောက်ဒ်ထဲ ပြောင်းနိုင်


ဂူးဂဲလ်က ပြီးခဲ့တဲ့ အပတ် က မိတ်ဆက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ backup နဲ့ Sync app အ ကြောင်း ဖြစ်ပါတယ်။ ဂူးဂဲလ်က ကလောက်ဒ်ထဲကို ကွန်ပျူတာထဲမှာ သိမ်း ထားသမျှ ဒေတာအပြင် system တစ်ခု လုံးကိုပါ လွှဲပြောင်းသိမ်းထားနိုင်ပြီဖြစ်ပါ တယ်။

ကလောက်ဒ်ထဲမှာ အရင်က ဒေတာတွေကိုသာ သိမ်းဆည်းထားနိုင်ပေမဲ့ အခုဆိုရင် ကွန်ပျူတာစနစ်တစ်ခုလုံးကိုပါ လွှဲ ပြောင်းသိမ်းထားနိုင်တဲ့ ဖီးချားကို ဂူးဂဲလ်က လုပ်ဆောင်တာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတွေကြောင့် ကွန်ပျူတာပျက်စီးသွားရင် စာရွက်စာတမ်းအချက်အလက်နဲ့ ဓာတ်ပုံ၊  ဗီဒီယို စတာတွေကို backup နဲ့ စခရိုနိုက်စ်လုပ်ပြီး Google ရဲ့ cloud ထဲမှာ လုံလုံခြုံခြုံသိမ်း ဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

သည်ဖီးချားက အက်ပဲလ်ရဲ့ Macs အပြင် မိုက်ခရိုဆော့ဖ်ရဲ့ PCs တွေမှာ ရမှာဖြစ်ပါတယ်။ ကလောက်ဒ်နည်းပညာ က အင်တာနက်ဒေတာ သိုလှောင်မှုနဲ့ နေရာအနေအထားကို ရည်ညွှန်းတာဖြစ်ပါ တယ်။ သူက ဖုန်း၊ ကွန်ပျူတာ စတဲ့ စက် ပစ္စည်းအတွင်းထဲက ဒေတာမှန်သမျှကို အချိန်မရွေးလက်ခံပြီး သိမ်းဆည်းပေးထားတာဖြစ်ပါတယ်။

အဓိကကတော့ လုပ်ငန်းလုပ်ကိုင်တဲ့ သူတွေအနေနဲ့ ကလောက်ဒ်ကို အသုံးချ နိုင်မယ့်အကျိုးဆက်တွေကို သိထားသင့် ပါ တယ်။ ကလောက်ဒ်ဆာဗာကို အသုံးချပြီး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဖိုင်တေ∑ကို back upအနေ နဲ့ အမြဲသိမ်းဆည်းထားပါ။

ကလောက်ဒ်ကို အသုံးချတာကြောင့် မိမိရဲ့ ဖိုင်ဒေတာတွေကို လုံခြုံရေးပိုင်းအတွက်တော့ အချိန်ပြည့်စိတ်ချရမှာဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ဒေတာတွေကို back up လုပ်ထားပါ။ အသေးစားလုပ်ငန်း လုပ်ကိုင်လိုသူတွေအနေနဲ့ ပြင်ပမှာ မိမိရဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဖိုင်ဒေတာတွေ မတော်တဆပျောက်ဆုံးသွားခဲ့ရင်တောင် ကလောက်ဒ်ထဲမှာ သိမ်းဆည်းထားတာ ကြောင့် ပြန်ယူလို့ရပါတယ်။ နောက်တစ် ချက်က ကိုယ်ပိုင်အကောင့်နဲ့ ဖြစ်တာကြောင့် မိမိကလွဲပြီး ဒေတာတွေကို တခြားသူတွေ ခိုးယူလို့ မရနိုင်ပါဘူး။

ကလောက်ဒ်မှာဆိုရင် ဖိုင်ဆိုက် အသေးအကြီးမရွေးသိမ်းထားနိုင်တာ ကြောင့် ဖြစ် ပါတယ်။ နေ့စဉ်လုပ်ငန်း ဆောင်တာအချက်အလက်အပြင် တခြား ဒေတာတွေ ဖြစ်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို ကလောက်ဒ်ထဲမှာ အချိန်မရွေး သိမ်းဆည်း ထားနိုင်မှာဖြစ်ပါတယ်။

ကလောက်ဒ်ဆာဗာမှာ သိမ်းဆည်းဖို့အတွက် အကောင့်ဖွင့်ထားဖို့ လိုအပ်ပါ တယ်။
Kumudra



Author / မေဘယ်လ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.