ရန်ကင်းကလေးဆေးရုံကြီးတွင် ဇွန်လအထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသည့် ကလေးငယ်(၁၁)ဦးရှိ


ရန်ကင်းကလေးဆေးရုံကြီးမှာ (၂၀၁၇) ခုနှစ်၊ ဇွန်လအထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသခဲ့တဲ့ ကလေးငယ်(၁၄၀၀) ခန့်ရှိပြီး သေဆုံးသူ (၁၁) ဦးရှိတယ်လို့ ရန်ကင်းကလေးဆေးရုံကြီး တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

 ရန်ကင်းကလေးဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် နေ့စဉ် တက်ရောက်ကုသတဲ့ ကလေးငယ် (၁၅) ယောက်ခန့်ရှိနေတယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင် ကပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်တွေမှာ အစားအသောက်၊ အရည်လုံးဝ မ၀င်ဘဲအန်တာ၊ အဖျားရှိနေရာက ရုတ်တရက် အဖျားကျကာ ခြေဖျားလက်ဖျား အေးစက်တာ၊ အဖျားကျပေမယ့် မှိန်းပြီး ဂဏှာမငြိမ်ဖြစ်တာ၊ ဗိုက်နာ ဗိုက်အောင့်တာ၊ အသည်းကြီးတာ၊ နှာခေါင်းသွေးယိုတာ ၊ ကော်ဖီရောင်အညိုအမဲတွေ အန်တာ စတဲ့ သွေးလန့်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေတယ်လို့ သိရပါတယ်။ ကလေးငယ်တွေမှာ အဲဒီလို သွေးလန့်တဲ့ လက္ခဏာတွေ တွေ့ရှိလို့် နီးစပ်ရာဆေးရုံကို အမြန်ဆုံးလာရောက် ကုသရင် သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်ဆုံးရှုံးတာကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ရန်ကင်းကလေးဆေးရုံ၊ ဆေးလက်တွေ့ ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေက ပြောပါတယ်။

 သွေးလွန်တုပ်ကွေးရောဂါဟာ နေ့ခင်းဘက်တွေမှာ ကိုက်တတ်တဲ့ အေးဒီးစ်ခြင်ကျားကိုက်ခံ ရတာကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး အရွယ်မရွေးဖြစ်စေတတ်ကာ ရောဂါလက္ခဏာတွေအနေနဲ့ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ အရိုးအဆစ်တွေ ကိုက်တာ၊ အနီစက်တွေထွက်တာ၊ အော့အန်တာ၊ နှာခေါင်းသွေးယိုတာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ရန်ကင်း ကလေးဆေးရုံကြီးမှာ (၂၀၁၇) ခုနှစ်၊ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာကြောင့် လာရောက်ကုသတဲ့ ကလေးငယ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ နှိုင်းယှဉ်ရင် (၄) ဆခန့်မြှင့်တက်လာပြီး သေဆုံးမှုလည်း များပြားနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က အေးမိစံ ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.