ဒုသမ္မတဦးမြင့်ဆွေယာဉ်တန်းကို ဦးဆောင်တဲ့နေပြည်တော်ရဲတပ်ဖွဲ့မှူးရဲ့ကားကို အိမ်စီးကားဝင်တိုက်


နေပြည်တော် ၊ ဇူလိုင် ၁၄

ရုံးဆင်းပြီး အိမ်ပြန်လာတဲ့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ယာဉ်တန်းမှာပါတဲ့ ပွိုင့်ကားတစ်စီး ကို အခြားအိမ်စီးကားတစ်စီးက ဝင်တိုက်လိုက်ပါတယ်။

လိုင်စင်/၀ှီးတက် မရှိတဲ့ အိမ်စီးကားတစ်စီးက ၀င်တိုက်လိုက်တာဖြစ်ပြီး ယာဉ်မောင်းကို ရဲကဖမ်းဆီးထားပါတယ်။

ယမန်နေ့ နေ့လည်ပိုင်းက နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်ထဲမှာ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

ဒုသမ္မတဦးမြင့်ဆွေ လမ်းကြောင်းမှာ ပွိုင့်ကားအဖြစ်တာဝန်ယူတဲ့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင် ရဲ့ ကား အတိုက်ခံလိုက်ရတာပါ။

အတိုက်ခံလိုက်ရတဲ့ ပွိုင့်ကားပေါ်မှာပါတဲ့ နေပြည်တော်ရဲတပ်ဖွဲ့မှူးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းစာရင်းဌာနက ဒီသတင်းဟုတ်မှန်ကြောင်း ပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောပါတယ်။

ဝင်တိုက်တဲ့ယာဉ်မောင်းကို စစ်ဆေးတဲ့အခါမှာ လိုင်စင်ရော ၀ှီးတက်ပါ အတုပြုလုပ်ထားကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် ယာဉ်မောင်းဟာလက်ရှိမှာ အမှုသုံးမှုနဲ့ရင်ဆိုင်ရတော့မှာပါ။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရဲမှူးကြီးဇော်ခင်အောင်က " ကျွန်တော့ ကားကတော့ စုတ်ပြတ်သတ်သွားတယ်။ ကားကို ဂငယ်ကွေ့ကွေ့လိုက်တာ။ လောလောဆယ် ၀င်တိုက်တဲ့ယာဉ်မောင်းကို လိုင်စင်ဝှီးတက်အတုပြုလုပ်မှု ၊ လူကြီးကားကိုဦးစားမပေးဘဲမောင်းတာ ၊ လူကြီးယာဉ်တန်းကိုကျော်တက် တာ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး အမှုဖွင့်ထားတယ်" လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

စိုင်းလမင်း

Photo Credit- Thein Win Oo Facebook
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.