အင်းတော်ကြီးဒေသတွင် စတုတ္ထတန်း ကျောင်းသူလေးတစ်ဦးအား မျိုးသားတစ်ဦးက ဖျားယောင်းသွေးဆောင်ကာ သားမယားပြုကျင့်မှုဖြစ်ပွား


ဇူလိုင် ၂၇ ရက်

အင်းတော်ကြီးဒေသ ပန်းလားအုပ်စု အိုက်လေးတူ အမကကျောင်းမှ စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့တွင် လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မ………. သည် ဇူလိုင်လ ၂၄ရက်နေ့ နံနက်တွင် ကျောင်းသို့သွားနေစဉ် လမ်းတွင်
မောင်မြင့်သိန်း (ခေါ်) မဂမ် ရောက်ရှိလာပြီး ကျောင်းစိမ်းဝတ်စုံများ ၀ယ်ပေးမည်ဟု ပြောဆိုကာ ဆိုင်ကယ်ပေါ် တင်၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းကို ကျောင်းသူလေး၏ သူငယ်ချင်းများ၏ ပြောပြချက်အရ သိရှိကြရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းဆရာ/မ များနှင့်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုအသိုင်းအ၀ိုင်းများ၊ ပြည်သူ့စစ်အဖွဲ့များ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း ရှာဖွေခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့တွင် မိုင်းနောင် ကျောက်သင်ပုန်းရွာ ရွှေမော်ဟောင်း လမ်းဘေးတွင် မ………….နှင့် အတူ တရားခံဟု ယူဆရသူ မောင်မြင့်သိန်း (ခေါ်) မဂမ်အား ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဟု ယူဆရသူသည် မ……….၏ ဦးလေးထံတွင် စာရင်းငှါးအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး နမ့်မွန်းကျေးရွာ ဇာတိဖြစ်ကြောင်းနှင့် အမည်ကွဲများဖြင့် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

“ ဒီမှာက ထွန်းသစ်ဆိုပြီးလာလိမ်ထားတယ်။ နန့်မွန်းဆိုလို့ စုံစမ်းလိုက်တော့ မြင့်သိန်း ခေါ် မဂမ် ဆိုပြီး ခေါ်တယ်လို့ သိရတယ်။ သူ့ဦးလေးရဲ့ စရင်းငှားပါ။ သူတို့အိမ်ဘေးနားက မောင်မြင့်ဆီမှာ ပေါင်ထားတဲ့သူ့ဆိုင်ကယ်ကို ခဏလေးသွားစရာ ရှိတယ် ပြန်ငှားပေးဦးဆိုပြီးတော့ ယူပြီးသွားလိုက်တာ။” ဟု ပန်းလားအုပ်စု အုပ်ချုပ်ရေးမှုးက ဦးသိန်းဆွေက ရှမ်းနီအသံသို့ ပြောသည်။

၎င်းသည် ယခင်က လိမ်လည်မှုများ ပြုလုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နမ့်မွန်းကျေးရွာ အုပ်ချုပ်ရေးမှုးက ပြောကြားချက်အရ သိရသည်။

“ သူတို့ပြောတဲ့ နာမည်က တလွဲ ။ ဟိုမှာပြောထားတာက ထွန်းသစ် ဆိုပြီးတော့ တင်ထားတာ။ မြင့်သိန်း ခေါ် မဂမ် သန်းခေါင်စားရင်းထဲမှာလည်း အဲနာမည်ပဲ။ မဂမ်ပဲ အခေါ်များတယ်။ ရဲစခန်းမှာလည်း ရဲဝင်မယ်ဆိုပြီး လုပ်ထားပြီးမှ ရဲကိုတောင် လိမ်လိုက်သေးတယ်။ ဆိုင်ကယ်ခိုးလို့လာခဲ့တာ။ ရဲကလည်း သူ့ဆိုင်ကယ်ဆိုတော့ သွားပြန်ယူခဲ့ရတာ။”ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံဟု ယူဆရသူအား အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းလည်းသိရသည်။

“မုဒိမ်းမှု ၃၇၆ နဲ့ ကျွန်တော်တို့ စွဲမှာပါ။ သူက ကောင်မလေးကို Rapeလုပ်တယ်။အခုလောလောဆယ်တော့ ကလေးမလေးက ၁၂ နှစ်ဆိုတော့ ၁၆ နှစ်မရောက်ခင် ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မူဒိမ်းမှုကတော့ ပါနေတယ်။ ” ဟု လုံးတုံစခန်းမှူး ဗျက်ဗျက်ဆန်းက ရှမ်းနီအသံသို့ ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ အပသို့ဖြစ်စေ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ဖြစ်စေ ခိုးယူလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့် မတရားပြုကျင့်ခံရသူ အမျိုးသမီးသည် အသက်မပြည့်သေးပဲ ခိုးယူပေါင်းသင်းခြင်း ဖြစ်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရလည်းစွဲနိုင်ပြီး ထောင်ဒဏ် တသက်တကျွန်းနှင့် ဆယ်နှစ်ထိထောင်ဒဏ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်ဒေသကြီး တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်က ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည်ဟု ယူဆရသော မောင်မြင့်သိန်း(ခေါ်)မဂမ် ၂၈ နစ် နမ့်မွန်းကျေးရွာ အနောက်ပိုင်းနေထိုင်သူအား မတရားပြုကျင့် ခံရသူ၏ ကြီးကြီးက လုံးတုံ ရဲစခန်းတွင် ပ ၃၄ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အမှုဖွင့်ထားကြောင်း သိရသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.