မဘသ ဆိုင်းဘုတ်တွေ လုံးဝ မဖြုတ်လို့ဆို

မန္တလေး မဘသအဖွဲ့ အရေးပေါ် အစည်းအဝေး ဇူလိုင် ၁၂ ရက်နေ့ကခေါ်ယူဆွေးနွေး
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ဖို့ နိုင်ငံတော် သံဃ မဟာနာယက မဟန က ညွှန်ကြားထားပေမဲ့ မဖြုတ် နိုင်ကြောင်း မဟန အဖွဲ့ကို တင်ပြမယ်လို့ မန္တလေးတိုင်း မဘသ အဖွဲ့က ပြောပါတယ်

အင်္ဂါနေ့က မန္တလေးတိုင်း သံဃ မဟာ နာယက ဆရာတော်တွေက မဘသ ဆရာတော်တွေကို ခေါ်ယူပြီး မဟန က ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်လို့ မဟနကိုပဲ စာတင်ရင် ပြန်စိစစ်ပြီး ဆိုင်းဘတ်ဖြုတ်ရေး ဆိုင်းငံ့ ထားနိုင်တယ်လို့ ပြောတဲ့ အတွက် မဘသအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးနောက် စာတင်ဖို့ ဆုံးဖြတ် လိုက်တာလို့ ဆိုပါတယ်။

မဘသဟာ သီးခြားဂိုဏ်း ဂဏ အနေနဲ့ ခွဲထွက်တာ မဟုတ်လို့ သံဃ ဝိနိစ္ဆယ လုပ်ထုံး လုပ်နည်းတွေ နဲ့လည်း ငြိစွန်းခြင်း မရှိဘူးဆိုတာ ဇူလိုင် ၁၃ ရက်နေ့မှာ သွားရောက် စာတင်မယ်လို့ မန္တလေး မဘသ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဦးယဿ က မိန့်ပါတယ်။

ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ နောက်ဆုံး သတ်မှတ်ရက် ဇူလိုင် ၁၅ ရက် နောက်ပိုင်း အဖျက်ဆီး မခံရအောင် မဘသ ဆိုင်းဘုတ်တွေ အနီးမှာ မဘသ အဖွဲ့ဝင်တွေ စောင့်ရှောက်မယ် လို့လည်း ဆရာတော်က ဆိုပါတယ်။

မဘသ အဖွဲ့ဝင်တွေက လက်နက်တွေ မကိုင်ဆောင်ဘဲ အေးအေးချမ်းချမ်း ကင်းစောင့်မှာ ဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းတာ အတင်းအဓမ္မ ဖြုတ်တာတွေ လုပ်လာရင် အမိန့်ထုတ် ထားတဲ့ သံဃ မဟာ နာယက နဲ့ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ဆရာတော် ဦးယဿ က မိန့်ပါတယ်။

မဘသ အနေနဲ့ ဆိုင်းဘုတ် တွေကို ဘယ်နည်းနဲ့မှ ဖြုတ်မှာ မဟုတ်လို့ အရေးယူ လာရင်လည်း ရင်ဆိုင်သွားမယ်လို့ ဆရာတော် ဦးယဿ က မိန့်ပါတယ်။ ။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.