အမျိုးသမီးများအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည့် ဦးဇင်း ၁ ပါးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းမိ


နေပြည်တော်အနီးဝန်းကျင်က အမျိုးသမီးတွေကို ပြင်ဦးလွင်နဲ့ မန္တလေးမှာ အလုပ်ပေးမယ်ဆိုပြီး လိမ်လည်ကာ တရုတ်နိုင်ငံ ပို့ဆောင်ရောင်းစားတဲ့ ဦးဇင်း ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်၊ ၂၉ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသမီး ၄ ဦး ကို ပြင်ဦးလွင်မြို့ရှိ အထည်ဆိုင်နဲ့ မန္တလေးမြို့မှာ အိမ်ဖော်အလုပ်ရမယ်ဆိုပြီး လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံကို တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြတဲ့ ပျဉ်းမနားမြို့နေသူ ဦးဝရသာမိ (လူအမည် မျိုးမင်းအောင်) ၂၄ နှစ်နဲ့ ပြင်ဦးလွင်မြို့နယ်နေ ဒေါ်စန်းမြင့်တို့အား ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမှုမှ ပျဉ်းမနားမြို့နေ တရားခံ အာကာလင်း ၂၁ ဟာ ထွက်ပြေးတိမ်းရှောင်နေလို့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ရောက်ရှိနေပြီး တရုတ်မယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီးတွေကို ပြန်လည်ကယ်တင် ရရှိနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
DVB TV News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.