တရုတ်နိုဘယ်ဆုရှင်ကို မီးသဂြိုဟ်၊ သူ့ဇနီး လွတ်မြောက်ဟုဆို


တရုတ်နိုဘယ်ဆုရှင်ကို မီးသဂြိုဟ်၊ သူ့ဇနီး လွတ်မြောက်ဟုဆို

ဇူလိုင် ၁၅ – ကွယ်လွန်သူ တရုတ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုကို စနေနေ့မှာ မီးသဂြိုဟ်မှာဖြစ်ပြီး သူ့ဇနီးကို လွှတ်ပေးထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကတော့ သူ့ကို တရုတ်လူ့အသိုင်းအ၀ိုင်းက ဖယ်ကြဉ်ထားတဲ့ ရွံစရာ ရာဇဝတ်ကောင်အဖြစ် တိုက်ခိုက်ကြပါတယ်။

လျူ (၆၁ နှစ်)ဟာ ကြာသပတေးနေ့က ရှန်ယန်းမြို့ဆေးရုံတစ်ရုံမှာ ကိုယ်တွင်းအင်္ဂါအများအပြား ပျက်စီးမှုနဲ့ သေဆုံးခဲ့ပါတယ်။ ဒီဆေးရုံမှာ သူဟာ နောက်ဆုံးအဆင့် ကင်ဆာရောဂါကို ကုသနေပြီး ဆေးကုသမှု ရရှိပေမယ့် လွတ်မြောက်ခြင်းမရှိပါဘူး။

သူဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းတဲ့ အခန်း ၀၈ လို့သိကြတဲ့ လျှောက်လွှာတစ်ခုကို ကူညီရေးဆွဲပြီး နောက် နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်ရန် ကြံစည်မှုနဲ့ ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ရပါတယ်။

သူ့ဇနီး လျူရှာဟာလည်း သူ ၂၀၁၀ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ဆွတ်ခူးပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပေမယ့် သူရှိတဲ့အကျဉ်းထောင်ကို တစ်လတစ်ခါ လာရောက်ခွင့်ပြုရခဲ့ပါတယ်။ ဇနီးသည်ကို ပြစ်မှုတစ်ခုခုနဲ့ တရားဝင်စွဲချက်တင်ထားတာမျိုး မရှိပါဘူး။
လျူရှောင်ဘိုကို သူ့ဆွေမျိုးတွေနဲ့ ဒေသဓလေ့အရ စနေနေ့မနက်မှာ မီးသဂြိုဟ်မယ်လို့ မြို့အစိုးရ သတင်းထုတ်ပြန်ရေးတာဝန်ခံ ကျန်းချင်ယန်က ပြောပါတယ်။
သူ့ဇနီး လျူရှာ ရှိနေပြီး အရိုးပြာတွေကို ပေးအပ်ခဲ့ကြောင်း ကျန်းက ရှန်ယန်းမြို့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

“ကျွန်တော်နားလည်သလောက်တော့ လျူရှာက လက်ရှိအချိန်မှာ လွတ်လပ်စွာ ရှိနေပါတယ်” လို့ သူကပြောပြီး တရုတ်နိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် သူ့အခွင့်အရေးတွေကို ဥပဒေနဲ့ ကာကွယ်ထားကြောင်း ဆက်ပြောခဲ့ပါတယ်။

“ဒါပေမယ့် သူက ခင်ပွန်းသည်ဆုံးရှုံးထားရသူပါ။ အလွန်ဝမ်းနည်းကြေကွဲနေပါတယ်။ လျူရှောင်ဘိုကွယ်လွန်မှုကို ဖြေသိမ့်နေတဲ့အချိန်အတွင်း သူဟာ ပြင်ပကအနှောင့်အယှက်တွေကို လက်ခံဖြေကြားမှာမဟုတ်ပါဘူး။ ဒါက မိသားစုတွေရဲ့ဆန္ဒပါ။ သဘာဝကျပါတယ်”
ကျန်းက လျူရှာ ဘယ်မှာရှိတယ်ဆိုတာ မပြောခဲ့ပါဘူး။
အစိုးရထုတ်ပြန်ချက်တစ်ခုအတွင်း မိုးဇက်သေအံ့မူးမူးအချိန်မှာ စပ်ဆိုပြီး အပြီးမသတ်နိုင်တဲ့ Requiem ဓမ္မတေးကို လျူရှောင်ဘိုရဲ့ဈာပနမှာ တီးခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
စုပြည့်စုံ
ref: reuters, July 15th
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.