ထိုင်းကို အစိုးရချင်းချိတ်ဆက်ပြီး အလုပ်သမားလွှတ်ဖို့ သဘောတူ



လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကိုတွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားလုပ်သားစေလွှတ်မှုကို အစိုးရချင်းချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ သဘောတူလိုက်တယ် လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြော ပါတယ်။

နေပြည်တော်က အလုပ်သမားဝန်ကြီးရုံးမှာ ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ဆုံပွဲမှာ သဘောတူညီမှုရခဲ့တာလို့ ဦးသိန်းဆွေက တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။

လက်ရှိမှာ မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ အစိုးရချင်း ချိတ်ဆက်ပို့ဆောင်နေပြီး ဂျပန်နိုင်ငံနဲ့ လည်း လုပ်ဆောင်ဖို့ စီစဉ်ဆွေးနွေးနေတယ်လို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။

မြန်မာလုပ်သား ၃ သန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက် တဲ့ ရွှေ့ပြောင်း လုပ်သားဥပဒေသစ်ကြောင့် မြန်မာလုပ်သား လေးသောင်းသုံးထောင်ကျော် ပြန်လာကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.