ဒါးပိုင်ကယ်ဆယ်ရေးစခန်းက လူတစ်ဦး သေဆုံးမှု စုံစမ်းစစ်ဆေးရေးဖွဲ့စည်း စုံစမ်း

 ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ်
Photo: RFA
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက် တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မွတ်ဆလင်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောပါတယ်။

"ဒါကတော့ ကျနော်တို့ ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူမှာပါခင်ဗျ။ ခေါ်လာတဲ့ ရဲတင်မဟုတ်ဘူး အရေးယူစရာရှိတာတွေ အကုန်အရေးယူမှာပါခင်ဗျ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စစ်ဆေးနေပြီး သက်ဆိုင်တဲ့သူ တာဝန်ရှိတဲ့သူ အရေးယူသွားမှာဖြစ်ပါတယ်။ သူတို့ဘာသူတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်နေပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦး ဆိပ်ကမ်း ကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်ဆလင်တွေစီးနင်းလာတဲ့ Super Custom မော်တော်ယာဉ်ကို မင်းဂံရပ်ကွက်အနီးမှာ အုပ်စုလိုက် ခဲနဲ့ဝိုင်းပစ်တဲ့အတွက် ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ခဲနဲ့ဝိုင်းပေါက်ရာမှာ ပါဝင်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေပြီး တရားခံတွေကို ဖမ်းဆီးမိတဲ့အခါ သတင်းထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဌာနတွင်းဆောင်ရွက်နေတဲ့ ကိစ္စဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းစစ်ဆေးနေသလဲ ဆိုတာ ထုတ်ဖော်ပြောလို့ မရကြောင်းလည်း ဒုတိယရဲမှူးကြီး ဝင်းနောင် ကပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.