ကန် လေယာဉ်ကို တရုတ်လေယာဉ် နှောက်ယှက်


အမေရိကန် ထောက်လှမ်းရေးလေယာဉ်ပျံတစင်းကို တရုတ်တိုက်လေယာဉ် ၂ စင်းက အရှေ့တရုတ်ပင်လယ်ပြင်ပေါ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြားဖြတ်နှောက်ယှက်ခဲ့ကြောင်း အမေရိကန် အရာရှိတွေက တနင်္လာနေ့မှာ ထုတ်ဖေါ်ပြောကြားပါတယ်။

တရုတ်တိုက်လေယာဉ်တစင်းဟာ အမေရိကန် EP-3 ထောက်လှမ်းရေးလေယာဉ်နဲ့ ပေ ၃ဝဝ လောက်အထိ အနီးကပ်လာခဲ့တဲ့အတွက် တိုက်မိခြင်းမရှိအောင် အမေရိကန် လေယာဉ်ပျံက ပျံသန်းမှုလမ်းကြောင်းကို ရုတ်ချည်းပြောင်းလိုက်ရတယ်လို့လည်း ဆိုပါတယ်။

တရုတ်တိုက်လေယာဉ်တွေဟာ J-10 အမျိုးအစားတွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာဟာ နိုင်ငံတကာလေပိုင်နက်ဖြစ်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.