ရန်ကုန်တိုင်း နယ်လုံဝန်ကြီးကို တိုင်းလွှတ်တော် အတည်ပြု



လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွေ တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အစားထိုး ခန့်အပ်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တင်သွင်းတဲ့ ဗိုလ်မှူးကြီး အောင်စိုးမိုး ကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ကန့်ကွက်ခဲ့ပေ မယ့် ရန်ကုန်တိုင်း လွှတ်တော်က ဒီကနေ့ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး အစားထိုးခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်ရေး အချက်အလက်ပြည့်စုံမှုမရှိဘူး ဆိုပြီး ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့အကြား လွှတ်တော် အတွင်း စကားကတောက်ကဆဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ YBS ယာဉ်လိုင်းတွေ ကိစ္စမဟုတ်ဘဲ နယ်လုံဝန်ကြီး ခန့်အပ်ဖို့ကိစ္စဖြစ်နေ တာ မဖြစ်သင့်ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။

အရင်က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး တင်အောင်ထွန်း နေရာမှာ ဗိုလ်မှူးကြီး အောင်စိုးမိုး ကို အစားထိုးခန့်အပ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.