အဓမ္မပြုခံရသည့် အမျိုးသမီး ကိုယ်ဝန်ဖျက်ချမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကျခံ


အယ်လ်-ဆဗေဒေါနိုင်ငံက အဓမ္မ ပြုကျင့်ခံခဲ့ရသူ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် တယောက်ဟာ ကလေးအသေမွေးဖွားခဲ့တာကြောင့် ကိုယ်ဝန်ဖျက်ချမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

အယ်လ်-ဆဗေဒေါနိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုယ်ဝန်ဖျက်ချမှု ဥပဒေနဲ့ သေဆုံးနေတဲ့ သန္ဓေသားကို ရေချိုးခန်းထဲတွေ့ရှိပြီး ဇူလိုင် ၅ ရက်နေ့မှာ အသက် ၁၉ နှစ်အရွယ် အီဗလင်-ဟာနန်ဒက်ဇ်ကို တရားစီရင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးငယ်က ကိုယ်ဝန်ဆောင်နေစဉ်ကာလ အတွင်း ဘယ်လိုကျန်းမာရေး အစောင့်အရှောက်ကိုမှ မရခဲ့တာကြောင့် အခုလိုဖြစ်ရတယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

အမျိုးသမီးငယ်က သူ့ရဲ့ ဝမ်းဗိုက်ထဲက နာကျင်ကိုက်ခဲတဲ့ ဝေဒနာ ခံစားနေရပြီး ရေချိုးခန်းထဲ မူးလဲနေချိန်ထိ သူဟာ ကိုယ်ဝန်ရှိနေတယ်လို့ မသိခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

စီရင်ချက်ချပြီးနောက်မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက မိန်းကလေးငယ်ရဲ့ ရိုးသားမှုကို သက်သေခံနိုင်တဲ့ ဆေးစစ်ချက်တွေကို အမှုထဲထည့်သွင်း မစဉ်းစားခြင်းအပေါ် တရားသူကြီးကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အယ်-ဆဗေဒေါ ဟာ ဘယ်အကြောင်းနဲ့မဆို ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်လုပ်ရပ်အဖြစ် သတ်မှတ်တဲ့ ၅ နိုင်ငံထဲက နိုင်ငံဖြစ်ပါတယ်။

အယ်-ဆဗေဒေါနိုင်ငံမှာ အဓမ္မပြုကျင့်ခံရ၍ ကိုယ်ဝန်ရခဲ့သည်ဖြစ်စေ၊ ကိုယ်ဝန်သည် အမျိုးသမီးရဲ့ ကျန်းမာရေးကြောင့် ဖြစ်စေ ကိုယ်ဝန်ဖျက်ချပါက အဲဒီအမျိုးသမီးဟာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.