ဆီးရီယားမြို့လည်က တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး



ဆီးရီယားမြို့လည် Tahrir ရင်ပြင်က တိုက်ခိုက်မှု (ဇူလိုင် ၂-၂၀၁၇)
ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကတ် မြို့လည်က Tahrir ရင်ပြင်မှာ အသေခံ ဗုံးခွဲသမားက ကားထဲကနေ ဖောက်ခွဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကနေ သတင်းထုတ်လွှင့်ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကတော့ သေဆုံးသူ ၁၂ ဦးထိ ရှိတယ်လို့ ပြောဆိုပါတယ်။ ကားဗုံးခွဲသမား ၃ ဦးကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က လိုက်ဖမ်းခဲ့ပြီး ဒီထဲက ၂ စင်းကိုတော့ တိုက်ခိုက်မှု မလုပ်နိုင်ခင် မြို့အ၀င်မှာ ဖျက်စီးနိုင်ခဲ့တယ်လို့ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က ပြောပါတယ်။

လေဆိပ်ကို သွားရာ လမ်းတလျှောက်မှာ အနည်းဆုံး ကားနှစ်စင်းလောက် မီးလောင်နေတဲ့ပုံတွေနဲ့ တခြား အပျက်အစီးတွေကို နိုင်ငံပိုင် ရုပ်သံကနေ ပြသခဲ့ပါတယ်။ တတိယမြောက် ကားသမားကတော့ အာဏာပိုင်တို့ကို ကနဦး ရှောင်ပြေးခဲ့ပြီးနောက် Tahrir ရင်ပြင်မှာ အာဏာပိုင်တွေ အ၀ိုင်းခံရချိန်မှာ အသေခံ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.