ဂျက်လေယာဉ် အင်ဂျင်မှ လေပြင်း အဟပ် ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး


ဇူလိုင် ၁၃ ။

ယနေ့ဇူလိုင်လ ၁၃ ရက်က နယူးဇီလန်နိုင်ငံ၊ Sint Maarten ဒေသ၊ Caribbean ကျွန်း၊ Princess Juliana နိုင်ငံတကာလေဆိပ် မှာ ၊ ပျံတက်ရန်တာဆူနေတဲ့ Boeing 737အမျိုးအစားဂျက်လေယာဉ် အင်ဂျင်က လေပြင်း အဟပ် ခံရတာကြောင့်အသက် ၅၇ အရွယ်၊ နယူးဇီလန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ၊ သေဆုံးသွားခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။


ဒီလေဆိပ်ဟာ Maho ကမ်းခြေနဲ့ အလွန် နီးကပ်တဲ့နေရာမှာတည်ရှိတာပါ။ လေဆိပ်ပြေးလမ်းဟာ ကမ်းခြေနဲ့ မီတာ ၅၀ အကွာ( ပေ၁၆၀) မှာတည်ရှိပါတယ်။ ဒီလေဆိပ်ကိုဆင်းတက်တဲ့လေယာဉ်တွေဟာ လေယာဉ်၊ အဆင်း၊ အတက်တွေ မှာ အလွန် နိမ့်တဲ့ အနေအထားကနေပျံသန်း၊ဆင်းတက်တာတွေကိုဆောင်ရွက်ကြတာဖြစ်ပါတယ်။ လေယာဉ်ခပ်နိမ့်နိမ့်ပျံသန်းတာကို မြင်ဖူးချင်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ဒီကမ်းခြေမှာလာရောက် အပန်းဖြေလေ့ရှိကြပါတယ်။


အခုသေဆုံးခဲ့တဲ့ အမျိုးသမီးဟာ လေယာဉ်ပျံတက်တဲ့ အချိန်မှာလေဆိပ် စည်းရိုးနားမှာရှိနေခဲ့တယ်လို့ဆိုပါတယ်။ လေယာဉ် အင်ဂျင်က လေပြင်းတွေထွက်လာပြီးနောက် လေဆိပ် အုတ်တံတိုင်းက လွှင့်စဉ်လာတဲ့ အင်္ဂတေအပိုင်းအစတွေက သူ့ ရဲ့ခေါင်းကိုထိမှန်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။

၂၀၁၂ ကလည်း လေဆိပ်ကိုဆင်းတက်လာတဲ့ ဂျက် လေယာဉ်တစ်စီး ရဲ့အင်ဂျင်က လေပြင်း အဟပ် ခံရတာကြောင့် လေဆိပ် တံတိုင်းက လွှင့်စဉ်လာတဲ့ အင်္ဂတေအပိုင်းအစတွေထိမှန်ခဲ့လို့ မိန်းကလေးငယ် တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း.nzherald.co.nz သတင်းမှာဖော်ပြပါတယ်။

AHN
PHOTO- MIRROR
The Asia Heart News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.