ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေးအခြေအနေ ထုတ်ပြန်



ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေးအခြေအနေသတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓတ်ပုံ-- State Counsellor office Information Committee )
    ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

    လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေအနေ နှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ ယင်းအခြေအနေများတွင် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ၊ နှစ်ဖက်အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများ ပါဝင်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ၏ ဇူလိုင်လ ၁ရက်နေ့တွင် ထုတ်ပြန်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

လတ်တလောဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖွဲ့အစည်းများ ဆောင်ရွက်ထားရှိသည့် လူလုပ်ဥမင်လှိုဏ်ခေါင်းများ နှင့် လက်နက်များ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အင်္ဂါနေ့တွင် ရခိုင်တိုင်းရင်းသား ငါးဖမ်းသမားများ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအခြေအနေ

၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ မှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက် အထိ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တွင် အရပ်သား ၃၈ ဦးအသတ်ခံခဲ့ရကြောင်း၊ ယင်းအချိန်ကာလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဦး အပါအဝင် ၊ အရပ်သား ၂၂ ဦး ပျောက်ဆုံးခဲ့ခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သတ်ဖြတ်ခံရသူများ နှင့် ပျောက်ဆုံးသူအရေအတွက် မှာ မြင့်တက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ ပတ်အတွင်း အရပ်သား ၆ ဦး အသတ်ခံခဲ့ရပြီး၊ ၂ ဦးမှာ ပျောက်ဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အစွန်းရောက် လှုပ်ရှားမှုများ တိုးမြှင့်လာခဲ့သည့် အထောက်အထားများအား မြန်မာ့တပ်မတော် အနေဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဇွန် လ ၂၀ ရက်နေ့တွင် လူလုပ်လှိုဏ်ခေါင်းများ၊ လက်နက်များ နှင့် အကြမ်းဖက်သမား များ ဆက်နွယ်နေသည့် အကြမ်းဖက်စခန်းတစ်ခုတို့ကို ဘူးသီးတောင်-မောင်တောဒေသရှိ မေယုတောင်ကြား တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ကူညီမှုများပြုလုပ်လျက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဒဏ်ခံပြည်သူ ၉၅ ရာခိုင်နှုန်း ကိုပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါအကူအညီကို နိုင်ငံတော်အစိုးရ နှင့် ဒေသခံအစိုးရများ၊ နိုင်ငံတကာ အန်ဂျီအို များစုပေါင်း၍ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက် နေ့အထိ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၁.၉၆သန်း (မြန်မာကျပ်ငွေ ၂,၆၇၂.၃၅၂သန်း) ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ အဆိုပါအကူအညီကို ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင်း နှစ်ဖက်အသိုင်းအဝိုင်းများကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အစိုးရအနေဖြင့် အဆိုပါဒေသများသို့ ကျန်းမာရေး နှင့် ပညာရေး အထောက်အပံ့များလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.